Home > သတင်း > ကျန်းမာရေး > ရေဦးမြို့နယ်အတွင်း အထူးရဲသင်တန်းသား ၉၀ ကို ကိုဗစ်ရောဂါပိုးရှိ/မရှိ swab ယူစစ်ဆေး

ရေဦးမြို့နယ်အတွင်း အထူးရဲသင်တန်းသား ၉၀ ကို ကိုဗစ်ရောဂါပိုးရှိ/မရှိ swab ယူစစ်ဆေး

ရေဦးမြို့နယ်အတွင်း ရွေးကောက်ပွဲမှာတာဝန်ထမ်းဆောင်မဲ့ အထူးရဲတွေကို အောက်တိုဘာလ (၁) နေ့ကစတင်ပြီး ရေဦးမြို့ အ.ထ.က (၂) ကျောင်းခန်းမမှာ သင်တန်းပို့ချပေးနေတာဖြစ်ပါတယ်။ ဒီသင်တန်းကို အောက်တိုဘာလ (၂၈) ရက်နေ့အထိ ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသား (၉၀) ကိုတပ်စု (၃) စုခွဲကာ သင်တန်းပို့ချပေးနေတာပါ။ သင်တန်းမှာ ရွေးကောက် ပွဲဆိုင်ရာဥပဒေ၊ ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေစတာတွေကို အချိန်အပိုင်းအခြားနဲ့ ပို့ချပေးေနတာဖြစ်တယ်လို့ ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးညွန့်ဝင်း ကပြောပါတယ်။
ဒါအပြင် covid ကာလအတွင်းမှာဖြစ်လို့ သင်တန်းသားတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ သင်တန်းပို့ချပေးနေတာဖြစ်သလို အောက်တိုဘာ(၁၀) ရက်နေ့က covid 19 ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီသင်တန်းကိုတက်ရောက်ပြီး တာဝန်ထမ်းဆောင်မဲ့အထူးရဲသင်တန်းသားတွေအနေနဲ့လဲ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားလုံလောက်မှုမရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုကူညီေပးချင်သလို မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ လုံခြုံလွပ်လပ်စွာ မဲပေးခွင့်ရရှိ စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုအထူးရဲသင်တန်းကို တက်ရောက်တာဖြစ်တယ်လို့ဆိုပါတယ်။အခုသင်တန်းတက်ရောက်နေတဲ့သင်တန်းသားတွေအနေနဲ့ အထူးရဲတာဝန်ကို (၁) လခွဲခန့်ထမ်းဆောင်ရမှာဖြစ်ပြီး လက်ရှိသင်တန်းကာလမှာ သင်တန်းသားတွေရဲ့နေစဉ်စားသောက်မှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတာဝန်ယူေဆာင်ရွက်ပေးနေသလို အထူးရဲတာဝန်ထမ်းဆောင်ခြင်းအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အခြေခံလစားနှုန်းထားကို ပြန်လည်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ လဲသိရပါတယ်။ရိုက်ကူး-ထွန်းလင်းဦး/တင်ဆက်-သူရိယထက်

error: Content is protected !!