စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့မှာ မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေ နံ့သာမြေသနပ်ခါးပွဲရုံကို ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ဖွင့်လှစ်ခဲ့တာပါ။ ဖွင့်ခါစက သနပ်စျေးကွက် အရောင်းအဝယ် ကောင်းမွန်လာခဲ့တဲ့အတွက် သနပ်ခါးစိုက်တောင်သူတွေ အဆင်ပြေသလိုရှိခဲ့ပြီး လက်ရှိ တကျော့ပြန် covid ကပ်ရောဂါကြောင့် အရောင်းအဝယ် မရှိသလောက် နည်းပါးလာခဲ့ပြီး ပွဲရုံပိတ်သိမ်းရမဲ့ အခြေအနေမျိုး ကြုံတွေနေရတယ်လို့ နံ့သာမြေသနပ်ခါးပွဲရုံတာဝန်ခံက ပြောပါတယ်။
လက်ရှိမှာ သနပ်ခါးအရောင်းအဝယ်မကောင်းတာေကြာင့် လက်လီရောင်းချသူတချို့မှာဆိုင်ပိတ်ထားရတဲ့အခြေအနေမျိုး တွေကြုံတွေ့နေရတယ်လို့လဲ လက်လီရောင်းချသူတချို့ကဆိုကြပါတယ်။
ဒါအပြင်သနပ်ခါးခြံတွေမှာ စရံပေးပြီးဝယ်ယူထားတဲ့ သနပ်ခါးပွဲစားတွေမှာလဲ လက်ရှိအချိန်မှာ သနပ်ခါးခြံရှင်တွေကငွေရှင်း ပေးဖို့လိုအပ်နေပြီး ပွဲစားတွေကငွေချေဖို့အခက်အခဲတွေလဲရှိနေတာပါ။ ဒါကြောင့် covid ကာလရှည်ကြာနေဦးမယ်ဆိုရင် သနပ်ခါးအရောင်းအဝယ် လုပ်ငန်းတွေ ရပ်ဆိုင်းရမဲ့ အခြေအေနကြုံတွေ့နေရတယ်လို့ သနပ်ခါးပွဲစားတဦးက ပြောပါတယ်။
နံ့သာမြေသနပ်ခါးပွဲရုံမှာ အရာတော်တမြို့နယ်လုံးက သနပ်းခါးစိုက်တောင်သူတွေ အရောင်းအဝယ်ပြုလုပ်နေကြသလို ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ စတဲ့ဒေသတွေကိုလည်း တင်ပို့ရောင်းဝယ်မှုတွေရှိနေတာပါ။ အရာတော်မြို့က မြန်မာနိုင်ငံမှာ သနပ်ခါးစိုက်ပျိုးမှု အများဆုံးေဒသဖြစ်ပြီး သနပ်ခါးစိုက်ဧက (၁) သိန်းကျော်နဲ့ လက်လီအရောင်းဆိုင်ပေါင်း (၃၀) ဝန်းကျင်ရှိနေတာလဲဖြစ်ပါတယ်။
ရိုက်ကူး-ထွန်းလင်းဦး/တင်ဆက်-AKL