Home > သတင်း > ကျန်းမာရေး > မုံရွာမြို့ ဒေါနခြံ Quarantine Centerမှ ထွက်ပြေးသွားသူကို ပြန်လည်ဖမ်းဆီး၊ အရေးယူမယူ မသိရသေး

မုံရွာမြို့ ဒေါနခြံ Quarantine Centerမှ ထွက်ပြေးသွားသူကို ပြန်လည်ဖမ်းဆီး၊ အရေးယူမယူ မသိရသေး

ဓာတ်ပုံ-မုံရွာခရိုင်မီးသတ်တပ်ဖွဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်အတွင်းရှိ Community Base Facility Quarantine Center ကနေ စက်တင်ဘာလ ၂၃ ရက်နေ့ ညက ကွာရင်တင်းဝင်နေသူ အမျိုးသားတစ်ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ အမျိုးသားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်းက မုံရွာမြို့ ကန်သာယာအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အရေးယူဖို့ သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြထားတယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှုး ဦီးအာကာြမင့်က ပြောပါတယ်။ ထွက်ပြေးသွားတဲ့သူမှာ မြောင်မြို့နယ်က ကိုဗစ်အတည်ပြုလူနာနဲ့ ကားတစ်စီးထဲ အတူလိုက်ပါခဲ့သူဖြစ်ပြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်မှာ အသွားအလာ ကန့်သတ်ခံထားရသူတစ်ဦး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“သူ့ကို ကန်သာယာ ရေထဲကနေ တွေ့တာ။ သူ့ကို ပြန်ခေါ်ပြီးတော့ Quarantine Center ထဲကို ပြန်ထည့်ထားတယ်။ အရေးယူဖို့ အထက်အဆင့်ဆင့်ကို တင်ပြထားတုန်း။”လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှုး ဦီးအာကာြမင့်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်တွေမှာ Quarantine Center တွေ အသီးသီးဖွင့်လှစ်ထားရှိကြပြီး အဲဒီလို ဖွင့်လှစ်ထားတဲ့နေရာတွေကို ပြည်ပပြန်နှင့် ပြည်တွင်းပြန် လူဦိးရေ ထောင်နဲ့ချီထားရှိပါတယ်။ မုံရွာမြို့ ဒေါနခြံရပ်ကွက်အတွင်းရှိ Quarantine Center ကနေ ထွက်ပြေးမှုမှာ တိုင်းဒေသကြီးအတွင်း ပထမဦးဆုံး ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရတဲ့ မြို့နယ် ၁၇ မြို့နယ်ရှိနေပြီဖြစ်ကာ ရောဂါပိုးကူးစက်ခံရသူကလည်း ၃၀ ဝန်းကျင်ထိ ရှိလာနေပြီဖြစ်ပါတယ်။

error: Content is protected !!