Home > သတင်း > တရားဉပဒေစိုးမိုးရေး > ပြောက်ကျားဝတ်စုံတွေ၊ စကားပြောစက်တွေနဲ့ ဓာတ်ပုံရိုက်လိုင်းပေါ်တင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးအပါအဝင် လူ ၁၂ ဉီးကို အမှုဖွင့်

ပြောက်ကျားဝတ်စုံတွေ၊ စကားပြောစက်တွေနဲ့ ဓာတ်ပုံရိုက်လိုင်းပေါ်တင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးအပါအဝင် လူ ၁၂ ဉီးကို အမှုဖွင့်

ဓာတ်ပုံ- Facebook

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှုး အပါအဝင် ရပ်ကွက်လုံခြုံရေး တာဝန် ထမ်းဆောင်မယ့် စေတနာ့ ဝန်ထမ်း (၁၂) ဦးတို့ကို ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး စကားပြောစက်တွေကို လက်ဝယ်ထား ကိုင်ဆောင်အသုံးပြုမှုနဲ့ အမှုဖွင့် အရေးယူခံခဲ့ရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့က ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တာပါ။

 “ရပ်ကွက်လုံခြံုရေး စေတနာ့ဝန်ထမ်း ကလေးတွေပါ။ လုံခြုံရေးအဖွဲ့အတွက် လုပ်ပေးလိုက်တာပါ။ စင်ပြိုင်လိုတဲ့ သဘောဆန္ဒ ဘာတစ်ခုမှ မပါဘူး။ ကျနော့်ဘက်က စေတနာအမှားဖြစ်သွားတာပါ။ အဲ့ဒီ ပြောက်ကျားဝတ်စုံကလဲ အမှတ်(၂) ရဲစခန်းနားက လေဘေးဆိုင်ကဝယ်တာ။၊ အနက်ရောင်ဆေး ဆိုးပြီးမှ ဝတ်ကြဖို့ ကျနော်က ဆေးတွေကို ဝယ်ပေးထားတယ်။ ရုံးရှေ့မှာ ဂရုဖိုတို အမှတ်တရ ရိုက်ရင်းက facebook ပေါ်ရောက်သွားတာတော့ ပြန့်သွားတာပေါ့။ အခုဆို ကလေးတွေက ရပ်ကွက်လုံခြုံရေးအ တွက် စိတ်ဓာတ်ပျက်ပြားကုန်ပြီ။” လို့ အမှုဖွင့်ခံရတဲ့ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောပါတယ်။

အဲ့ဒီအမှုကို မုံရွာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ခင်သန်းက မုံရွာမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံးရဲ့ စက်တင်ဘာလ ၃ ရက်နေ့ အစည်းအဝေး အမှတ်စဉ် ၂၉/၂၀၂၀ အစည်းအဝေး ဆုံးဖြတ်ချက်အရ တရားလိုပြုလုပ် တိုင်တန်းခဲ့တာဖြစ်ပြီး ရဲစခန်းက ပထမသတင်းပေးတိုင်တန်းချက် အမှတ် (၃၄၄ / ၂၀၂၀ )၊ ဆက် သွယ်ရေး ဥပဒေ ပုဒ်မ-၆၇ အရ အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ညက ရဲတပ်ဖွဲ့ဝင်တွေဟာ ထန်းတော ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပြီး ရပ်ကွက် လုံခြုံရေးအတွက် အသုံးပြုဝတ်ဆင်မယ့် အစိမ်းရောင် ပြောက်ကျားဝတ်စုံ (၁၄)စုံ၊ ဘက်တံဆိပ် (၁၄)စုံ ၊ အစိမ်းရောင် ပြောက်ကျား ရှာထိုးဦးထုပ် (၁၄) လုံး နှင့် P2P အမှတ်တံဆိပ်၊ I –ETONG အမှတ်တံဆိပ်ပါ စကားပြောစက် (၁၁) လုံးတို့ကိုလည် ရှာဖွေသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

error: Content is protected !!