Home > သတင်း > ကျန်းမာရေး > COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာမှု လျော့ကျလာပါက ဉပဒေပါအတိုင်း ထောင်ဒဏ် (၁) နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်ချမှတ်မည်

COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာမှု လျော့ကျလာပါက ဉပဒေပါအတိုင်း ထောင်ဒဏ် (၁) နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်ချမှတ်မည်

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေအပေါ် လိုက်နာမှု လျော့ကျလာပါက ထောင်ဒဏ် (၁) နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေနဲ့ အရေးယူသွားဖို့ ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူ့စွမ်းအား အရင်းမြစ်၀န်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာကြတဲ့အခါ နှာခေါင်းစည်းတပ်ကြဖို့ တိုင်းအစိုးရအဖွဲ့က စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ထားသလို စည်ကမ်းမလိုက်နာသူတွေကိုလည်း မြို့နယ်အလိုက် ဖမ်းဆီး အရေးယူတာတွေပြုလုပ်နေတာပါ။ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာမှု လျော့ရဲလာပါက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့ အရေးယူပြီး ထောင်ဒဏ် (၁) နှစ်အထိ ချမှတ်နိုင်တယ်လို့ ၀န်ကြီး ဦးမိုးကျော်သူက အခုလိုပြောပါတယ်။

“ကပ်ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အရေးယူလို့ရတဲ့ ပုဒ်မ (၂) မျိုးရှိပါတယ်။ တစ်ခုက ၁၉၉၅ ကပ်ရောဂါနည်း ဥပဒေနဲ့ အရေးယူလို့ရပြီး ထောင်ဒဏ် (၆) လအထိ ချမှတ်လို့ရပါတယ်။ ဒီဥပဒေနဲ့ ဖမ်းဆီး အရေးယူလို့မှ ပြည်သူတွေက လိုက်နာဆောင်ရွက်မှု လျော့တိလျော့ရဲဖြစ်နေမယ်။ ရောဂါကူးစက်ပြန့်ပွားမှု များလာမယ်ဆိုရင်တော့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့ အရေးယူပြီး ထောင်ဒဏ် (၁) နှစ်အထိ ချမှတ်ခံရနိုင်တယ်။”လို့ ၀န်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ COVID-19 ကပ်ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိချိန်ကစပြီး စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာကြတဲ့အခါ နှာခေါင်းစည်းတပ်ကြဖို့ အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့သလို နှာခေါင်းစည်းတွေ အခမဲ့ ပေးဝေတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ၀န်ကြီးဦးမိုးကျော်သူ ကပြောပါတယ်။ တိုင်းအတွင်းမှာ မတ်လကုန်ကစပြီး လက်ရှိအချိန်ထိ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သွားလာလို့ ဖမ်းဆီးအရေးယူခဲ့ရသူပေါင်း (၅၀၀၀) ကျော်ရှိသွားပြီးဖြစ်တယ်လို့ သိရပါတယ်။

error: Content is protected !!