Home > သတင်း > ကျန်းမာရေး > ဟုမ္မလင်းမြို့တွင် ရခိုင်ပြည်နယ်မှရောက်ရှိလာသူ ၅ ဦး ကိုဗစ်ရောဂါပိုးမတွေ့

ဟုမ္မလင်းမြို့တွင် ရခိုင်ပြည်နယ်မှရောက်ရှိလာသူ ၅ ဦး ကိုဗစ်ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ကို ရောက်ရှိလာတဲ့လူ ၅ ဦးမှာ ကိုဗစ် ရောဂါပိုး မတွေ့ရဘူးလို့ ဟုမ္မလင်းမြို့ ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ ဝင်းနိုင်ထွန်းက‌‌ ပြောပါတယ်။

SWAB နမူနာတွေကို စက်တင်ဘာ ၁ ရက်နေ့က ရယူပြီး မန္တလေးဓာတ်ခွဲဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက Negativeအဖြေထွက်ရှိခဲ့တာဖြစ်ပါတယ်။

“သူတို့ Negative အဖြေထွက်ပြီဆိုတော့ သတ်မှတ်ရက် ၂၁ ရက်ပြည့်အောင်ထားမယ်။ သတ်မှတ်ရက်ပြည့်ပြီဆိုတာနဲ့ အိမ်မှာ Home Quarantine ၇ ရက်နေရမယ်။”လို့ ဒေါက်တာ ဝင်းနိုင်ထွန်းက‌‌ ပြောပါတယ်။

အဲဒီ ၅ ဦးကို သြဂုတ်လ ၃၁ ရက်နေ့က ဟုမ္မလင်းမြို့ မဟာစည်သာသနာ့ရိပ်သာမှာ အသွားအလာစောင့်ကြည့်ထားခဲ့တာပါ။

“သူတို့ကတော့ သူတို့အသိစိတ်ဓာတ်နဲ့သူဝင်ကြတာ။ ဝန်ထမ်း ၁ ယောက်ကတော့ ၃ ရက်လောက်ကြိုဝင်တာ။ ကျန် ၄ ယောက်ကတော့ သြဂုတ်လ ၃၁ ရက်နေ့က Quarantine Center မှာ စဝင်တာ။ တချို့ကတော့ အိမ်မှာပဲနေပြီး Home Quarantine နေကြတယ်။ ဝန်ထမ်းနှစ်ယောက်က ရွှေပြောင်းလာတာ။ ကျန်တဲ့၃ယောက်က ရွှေမျောလာလုပ်တာပါ။”လို့လည်း ဆေးရုံအုပ်ကြီးက ပြောပါတယ်။ အဲဒီ ၅ ဦးအနက် ၃ ဦးက ရွှေမျောအလုပ်လုပ်ကိုင်ရန် ရောက်ရှိလာတာဖြစ်ပြီး ကျန် ၂ ဦးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းနှင့် ရဲဝန်ထမ်းတို့ဖြစ်ပါတယ်။

သူရိယထက်

error: Content is protected !!