Home > ရုပ်သံသတင်း > မုံရွာမြို့မှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်နေသူတွေကို အရေးယူမှု ပြန်လည်စတင်

မုံရွာမြို့မှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်နေသူတွေကို အရေးယူမှု ပြန်လည်စတင်

မုံရွာမြို့မှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်နေသူတွေကို အရေးယူမှု ပြန်လည်စတင်

မုံရွာမြို့မှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်နေသူတွေကို အရေးယူမှု ပြန်လည်စတင်

မျက်မှောက်ခေတ်

မုံရွာ၊ ဩဂုတ် ၂၆

COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မုံရွာမြို့မှာ ဩဂုတ်လ (၂၆) ရက်နေ့ မနက်ပိုင်းကစတင်ကာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သူတွေကို ဖမ်းဆီးအရေးယူမှု ပြန်လည်

ပြုလုပ်နေပြီဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ကိုဗစ်အတည်ပြုလူနာ တစ်

နေ့ထက်တစ်နေ့ ပြန်လည်မြင့်တက်လာနေတာကြောင့် ဒေသတွင်းကူးစက်မှုကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ အခုလို ဖမ်းဆီးအရေးယူရမှုတွေ ပြုလုပ်ရတာဖြစ်တယ်လို့ မုံရွာမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“Mask မတပ်ဘဲအပြင်ထွက်သူတွေကို ဒီကနေ့ကစပြီး ဖမ်းဆီး အရေးယူနေပါပြီ။ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ မရှိတော့တဲ့အချိန်ထိ မြို့တွင်းမှာ နေရာတွေပြောင်းပြီး ဖမ်းဆီးနေမှာ ဖြစ်ပါတယ်။” လို့ ဦးအာကာမြင့်က ပြောပါတယ်။

Covid-19 ကပ်ရောဂါက လူတစ်ဦးနဲ့တစ်ဦးကူးစက်မှု မြန်နေတာကြောင့် အပြင်ထွက်တဲ့အခါ Mask တပ်သင့်တယ်လို့ မုံရွာမြို့ မီနီအိုးဝေယာဉ်မောင်း ကိုလပြည့်အောင် ကပြောပါတယ်။

“အခုကရောဂါအခြေနေက အရင်ကထက် ပြန့်နှံ့နေတာကြောင့် အပြင်ထွက်ရင် mask တပ်သင့်ပါတယ်။”လို့ ကိုလပြည့်အောင်က ပြောပါတယ်။

နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သူ တွေဖမ်းဆီးတာကို သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး ပြုလုပ်နေတာပါ။ စတင်ဖမ်းဆီးတဲ့ ဒီကနေ့ နေ့လည်ပိုင်းအထိ နှားခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သူ (၁၅၀) ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေကိုတော့ မုံရွာမြို့နယ် တရားရုံးမှာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူ သွားမှာဖြစ်ပါတယ်။

error: Content is protected !!