Home > ရုပ်သံသတင်း > လာမယ့်ရွေးကောက်ပွဲမှာတော့ လူကြည့်ပြီးမှသာ မဲပေးတော့မယ်လို့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင် ဒေသခံတွေက ပြောဆို။

လာမယ့်ရွေးကောက်ပွဲမှာတော့ လူကြည့်ပြီးမှသာ မဲပေးတော့မယ်လို့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင် ဒေသခံတွေက ပြောဆို။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဆားလင်းကြီးမြို့နယ်တင်မက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီကိုသာ ကြည့်ပြီး လူကိုမကြည့်ဘဲ အပြောင်းအလဲအတွက် မျှော်လင့်ချက်နဲ့ ပုံအော မဲပေးခဲ့လို့ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး လွှတ်တော်၊ အစိုးရတို့ရဲ့ ဖြေရှင်းဆောင်ရွက်ပေးမှုက ကျေနပ်အားရစရာ မရှိတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာတော့ လူကိုကြည့်ပြီးမှသာ မဲပေးတော့မယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောဆိုလိုက်တာပါ။

NLD အစိုးရသက်တမ်းကုန်ခါနီးတဲ့တိုင်အောင် လက်ပံတောင်းတောင်၊ စံပယ်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းတွေနဲ့ပတ်သက်လို့ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ပြေလည်အောင် ဖြေရှင်းပေးနိုင်တာ မရှိသေးပါဘူး။ စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ ကျေးရွာတွေကို ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုဖြေရှင်းပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပေမယ့် ဒီနေ့ထိ ဝန်ကြီးချုပ်ကတော့ တစ်ကြိမ်မှသွားရောက်ခြင်းမရှိဘဲ ဝန်ကြီးအချို့နဲ့သာ လွှဲအပ်ထားတာပါ။

စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးပါတီ ၁၇ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၃ ဦး စုစုပေါင်း ၆၈၅ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ မဲပေးခွင့်ရှိသူအနေနဲ့ တစ်တိုင်းလုံးမှာ ၄.၁ သန်းကျော်ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ ပုံစံ လျှောက်ထားသူ ၃၃၀၀၀ ကျော်၊ ပုံစံ ၄ နဲ့ ပယ်ဖျက်သူ ၁၁၀၀၀ ကျော်နှင့် အချက်အလက် မှားယွင်းလို့ ပြင်ဆင်သူ ၃၂၀၀၀ ကျော်ရှိကာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၂၅ % ရှိတယ်လို့ တိုင်းရွေးကောက်ပွဲတာဝန်ရှိသူက ပြောဆိုထားပါတယ်။

error: Content is protected !!