Home > ရုပ်သံသတင်း > လက်ပံတောင်းတောင် ဒေသတွင် ထန်းပင်မြစ်ပျိုးဖို့ ထန်းသီးတွေကို ဝယ်ယူစုဆောင်းကာ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

လက်ပံတောင်းတောင် ဒေသတွင် ထန်းပင်မြစ်ပျိုးဖို့ ထန်းသီးတွေကို ဝယ်ယူစုဆောင်းကာ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာမည်ကျော် ရုက္ခစိုးထန်းပင်မြစ်ထွက်ရှိရာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက ဝက်မှေးရွာဟောင်းမှာ ထန်းပင်မြစ်ပျိုးထောင်ဖို့ ထန်းသီးတွေကို ဝယ်ယူစုဆောင်းကာ ပြင်ဆင်တာတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်က မိုးနည်းခဲ့လို့ ထန်းသီးအထွက်နှုန်း နည်းခဲ့တဲ့အတွက် တခြားသော ထန်းပိုင်ရှင်တွေထံကနေ တစ်ပင်ကို ၅၀၀ ကျပ်နဲ့ ဝယ်ယူစုဆောင်းပြင်ဆင်နေရတယ်လို့ ဒေသခံတွေက အခုလို ပြောပါတယ်။

ဒေါ်အေးနွဲ့ (ဒေသခံ၊ ဝက်မှေးရွာဟောင်း၊ လက်ပံတောင်းတောင်ဒေသ)

ထန်းပင်မြစ်ပျိုးတာက ဝါခေါင်လမှာ စတင်ပျိုးပြီး ဆောင်းရာသီ တန်ဆောင်မုန်း၊ နတ်တော်လတွေမှာ ပြန်လည် တူးဖော်ကာ စေျးကွက်မှာ ရောင်းချကြတာပါ။ ထန်းပင်မြစ်ပျိုးကျင်း တစ်ကျင်းအတွက် ကုန်ကျငွေ အနည်းဆုံး ၅ သောင်းကျပ်ကနေ ၆ သောင်းဝန်းကျင်ထိ ရှိပါတယ်။မိုးများပြီး မြစ်ရေဝင်ရောက်ရင် အပင်ပေါက်စုံပြီး ပျက်စီးဆုံးရှုံးမှု နည်းတယ်လို့ ဆိုကြပါတယ်။ အခုက မြစ်ရေဝင်ရောက်နေတဲ့အတွက် အရင်နှစ်ထက် ထန်းပင်မြစ်အထွက် တိုးလာမယ်လို့လည်း မျှော်လင့်နေကြတာပါ။

ဒေါ်စန်းလွ (ဒေသခံ၊ ဝက်မှေးရွာဟောင်း၊ လက်ပံတောင်းတောင်ဒေသ)

လက်ပံတောင်းဒေသဝန်းကျင်မှာ ထန်းပင်တွေပေါများပြီး ဒေသခံတွေက ထန်းတက်လုပ်ငန်း လုပ်ကိုင်ကြသလို အမိုးအကာနှင့် တခြားအသုံးအဆောင်တွေ အတွက်လည်း ထန်းပင်တွေကို အမှီပြုကာ အားထားလုပ်ကိုင်နေကြရတာပါ။ ထန်းပင်မြစ်လုပ်ငန်းကိုတော့ ရှေးအစဉ်အဆက်ကတည်းက မိရိုးဖလာအဖြစ် လုပ်ကိုင်ကြပြီး ထန်းပင်မြစ်က ရရှိတဲ့ ဝင်ငွေနဲ့ တစ်နှစ်စာ ဆန်၊ ဆီဝယ်ယူစုဆောင်းကြရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နေရာတော်တော်များများ ထန်းပင်တွေကို ခုတ်လှဲရောင်းချနေကြတာတွေလည်း ရှိနေသလို ကြေးနီစီမံကိန်း ဧရိယာအတွင်းကျရောက်တဲ့ ထန်းပင်တွေ အမြောက်အများကိုလည်း ခုတ်လှဲ ဖျက်ဆီးတာတွေ ရှိနေပါတယ်။ ထန်းပင်တွေကို စည်းကမ်းမဲ့ ခုတ်လှဲနေတာနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ထိန်းကျောင်းကြပ်မတ်ပေးဖို့ကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ဖူးပါတယ်။

error: Content is protected !!