Home > သတင်း > မှုခင်း > ပင်လည်ဘူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲရာက စကားများကာ လူသတ်မှုဖြစ်ပွား

ပင်လည်ဘူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲရာက စကားများကာ လူသတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်တွင် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက လူနှစ်ဦး  မူးယစ်ဆေးဝါးသုံးစွဲရင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူက မိုးကောင်းရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ရွှေပြည်စိုးဆိုသူဖြစ်ပြီး အိမ်လည်သွားရာကနေ အိမ်ရှင်ဖြစ်သူ အသက် ၃၀ အရွယ် ချစ်ကိုဆိုသူနဲ့ စကားများရာက ရင်ညွန့်၊ ချိုင်းအောက်တွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာတင် သေဆုံးခဲ့တာပါ။ လတ်တလောမှာ ချစ်ကိုဆိုသူက ရှောင်တိမ်းနေပြီး တရားခံဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။ အခင်းဖြစ်ရာနေအိမ်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ပြစ်မှုကျုးလွန်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ဝါးရိုးတပ် ဓားဦးချွန်တစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မူးယစ်ဆေးဝါးသုံးစွဲရင်း စကားများရန်ဖြစ်တာကနေ ဒေါသအလျောက် လူသတ်မှုကျုးလွန်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ လတ်တလောမှာတော့ လူသတ်မှုကျုးလွန်သူကို ပင်လည်ဘူးမြို့မရဲစခန်းက (ပ)၇၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

error: Content is protected !!