Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးမှာ သုံးလအတွင်း Maskမတပ်လို့ အရေးယူခံရသူ ငါးထောင်ဝန်းကျင်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးမှာ သုံးလအတွင်း Maskမတပ်လို့ အရေးယူခံရသူ ငါးထောင်ဝန်းကျင်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ မှုခင်းများနှင့်ပက်သက်လို့ ဧပြီ၊ မေ၊ ဇွန် အထိ (၃ လတာ ကာလအတွင်း) Mask မတပ်လို့ ကူးစပ်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅ အရ အမှုဖွင့် အရေးယူခံရသူ ၅ ထောင်ဝန်းကျင်ရှိတယ်လို့ စစ်ကိုင်းတိုင်း တရားလွှတ်တော် အစီရင်ခံစာ အရ သိရပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးမောင် တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

ကိုဗစ်ကာလအတွင်း Mask မတပ်လို့ ကူးစပ်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ၁၅ အရ အမှုဖွင့်ခံရတဲ့ လူဦးရေ ၄၆၁၅ ဦးဖြစ်ပြီး အဲဒီအထဲမှာ ကလေးသူငယ် ၃၃ ဦးလည်း ပါဝင်ပါတယ်။ ကူးစပ်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ အရလည်း အမှုပေါင်း ၁၈ မှု အထိရှိပြီး ကလေးငယ်တစ်ဦးအပါအဝင် လူဦးရေ ၂၂ ဦးအထိရှိပါတယ်။ ဒါ့အပြင် ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ တရားစွဲဆိုခဲ့တဲ့အမှုပေါင်း ၂၅ မှု၊ လူဦးရေ ၄၀ ဦး ၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ တရားစွဲဆိုခဲ့တဲ့အမှုပေါင်း ၆၃ မှု၊ လူဦးရေ ၁၇၈ ဦးရှိပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၃၃၊ ၂၇၁ ၊ ၃၅၄နှင့် ရဲအက်ပုဒ်မ ၄၇ တို့အရလည်း လူတစ်ဦးစီအရေးယူတာတွေရှိခဲ့ တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

error: Content is protected !!