Home > သတင်း > ပညာရေး > စစ်ကိုင်းတိုင်းအတွင်း အထက်တန်းဆင့်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ထား။

စစ်ကိုင်းတိုင်းအတွင်း အထက်တန်းဆင့်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ထား။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်အားလုံးရှိ အစိုးရအခြေခံပညာအထက်တန်းဆင့် စာသင်ကျောင်းအားလုံးကို လက်ရှိမှာ ကျောင်းကုန်ဖွင့်လှစ်ကာ စာသင်ကြားပေးနေပြီလို့ တိုင်းပညာရေးမှုးရုံးက သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ အစိုးရ အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း ၇၄၀ ရှိပြီး အဲဒီထဲက ကျောင်းအိပ်ကျောင်းစားသင်ကြားပေးနေတဲ့ အား/ကာသိပ္ပံကတော့ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

“ကျောင်းအားလုံး ပြန်ဖွင့်နိုင်ပြီ။ ပြန်ပိတ်ရတဲ့ကျောင်း မရှိသေးသလို ကိုဗစ်သံသယကျောင်းသားလည်း လုံးဝမရှိသေးပါဘူး။ ကျောင်းအားလုံးကိုလည်း နေ့စဉ်အစီရင်ခံစာ ပို့ခိုင်းထားပါတယ်။ ကိုယ်ပိုင်အထက်တန်းဆင့် ကျောင်းတွေကိုတော့ တိုင်းကိုဗစ် ကော်မတီကို ပြန်လည်ဖွင့်ခွင့် တောင်းခံနေဆဲပါ။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံး ပညာဌာနမှ ညွှန်ကြားရေးမှုး ဒေါ်ကြည်ကြည်မာက ပြောပါတယ်။

လက်ရှိပြန်လည်ဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေမှာ Grade-10 ကျောင်းသားပေါင်း ၆၆၃၆၀ ဦးနှင့် Grade-11 ကျောင်းသားပေါင်း ၅၅၃၆၉ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူဦးရေ ၁၂၁၇၂၉ ဦး တက်ရောက်ပညာသင်ကြားနေကြတယ်လို့ သိရပါတယ်။ စာသင်ချိန်တွေကိုလည်း ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေနဲ့အညီ သင်ကြားပေးနေပါတယ်။ အလယ်တန်းနှင့် မူလတန်းအဆင့်တွေကိုတော့ ဘယ်ချိန်ပြန်လည်ဖွင့်လှစ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

စာသင်ကျောင်းတွေကို ကိုဗစ်ကပ်ရောဂါကြောင့် ပုံမှန်ကျောင်းဖွင့်ချိန်ထက် ၂ လဝန်းကျင် နောက်ကျပြီးမှ ဖွင့်လှစ်နိုင်တာြဖစ်သလို လက်ရှိဖွင့်လှစ်တာမှာလည်း အထက်တန်းအဆင့်ကိုသာ ဖွင့်လှစ်သင်ကြားပေးနိုင်သေးတာြဖစ်ပါတယ်။ ကျောင်းဖွင့်ချိန်နောက်ကျတဲ့အတွက် သင်ခန်းစာတွေ မပြီးပြတ်မှာကို ကျောင်းသားမိဘတွေကတော့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

#အထက်တန်းဆင့် #ကျောင်းအားလုံးပြန်ဖွင့် #စစ်ကိုင်းတိုင်း #ပညာရေးမှုးရုံး #မျက်မှောက်ခေတ်

You may also like
ရတနာပုံတံတားပေါ်က ခုန်ချပျောက်ဆုံးနေသူအလောင်းကို ပြန်လည်တွေ့ရှိ။
error: Content is protected !!