စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် နေပူတောင်အဆင်း ရွှေဘို–မြစ်ကြီးနားသွားကားလမ်း မိုင်တိုင်အမှတ်(၁၁၂)နဲ့(၁၁၃)ကြားရှိ ပိန္နှဲကုန်းကျေးရွာအနီးမှာ သြဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းအပါအဝင်လူဆယ်ဦး ထိခိုက်ဒဏ်ရာများရရှိမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဲဒီတိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ယာဉ်ဟာ မုံရွာမြို့ကနေ ကသာမြို့ကို ထွက်ခွာသွားတဲ့ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင်ခရီးသည်လူဆယ်ဦးစီးနင်းလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့အတွက် ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာခဲ့ကြတဲ့ခရီးသည်ဆယ်ဦးစလုံးမှာ မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ကြပြီး အဲဒီဆယ်ဦးစလုံးကို ထီးချိုင့်မြို့နယ် အလယ်တောဆေးရုံနဲ့ထီးချိုင့်မြို့ပြည်သူ့ဆေးရုံတွေမှာ ရဲဆေးစာနဲ့အတူ ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ရရှိခဲ့တဲ့ဒဏ်ရာတွေကတော့ ညာဘက်ပါးနဲ့လက်နာဒဏ်ရာ၊လက်ရိုးကျိုးဒဏ်ရာ၊ခါးနာကျင်ဒဏ်ရာ၊ခြေထောက် လက် နာကျင်ဒဏ်ရာ၊ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊လက်ညှိုးပေါက်ပြဲဒဏ်ရာစတာတွေရရှိခဲ့ကြသလို စိုးရိမ်ရတဲ့လူနာမရှိဘူးလို့လည်း သိရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ထီးချိုင့်မြို့မရဲစခန်းက ယာဉ်ကို မဆင်မကျင်ပေါ့ဆစွာနဲ့မောင်းနင်ခဲ့တဲ့ယာဉ်မောင်းဖြစ်သူကို—ကို ယာဉ်(ပ)၃၁/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈တွေအရ အမှုဖွင့်အရေးယူဖမ်းဆီးထားပါတယ်။