မဲဆန္ဒနယ်ပြင်ပမှာရောက်ရှိနေတဲ့ ပြည်သူတွအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့အတွက် အ
ခုလ(၂၈)ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှ
င်အဖွဲ့ခွဲရုံးတွေမှာ ပုံစံ(၁၅)နဲ့ လျှောက်ထား
ကြဖို့လိုအပ်တယ်လို့ စစ်ကိုင်းတိုင်းဒေသ
ကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အ
တွင်းရေးမှူးက ပြောပါတယ်။
ကြိုတင်မဲပေးရမယ့် မဲဆန္ဒရှင်တွေမှာ ပြည်
ပရောက်မဲဆန္ဒရှင်တွေနဲ့ ပြည်တွင်း မဲဆန္ဒ
နယ်ပြင်ပရောက် မဲဆန္ဒရှင်(၂)မျိုးရှိတာဖြ
စ်ပါတယ်။ ကြိုတင်မဲပေးရမယ့် မဲဆန္ဒနယ်က
ပြည်သူတွေအနေနဲ့ မူလနေရပ်မှာရှိတဲ့ မဲစာ
ရင်းမှာ နာမည်ပါ၊ မပါ ကြိုတင်စစ်ဆေးပြီး
ပုံစံ(၁၅)နဲ့ သက်ဆိုင်ရာ ရပ်/ကျေးကော်မ
ရှင်တွေအဖွဲ့တွေဆီ ပေးပို့ရမှာဖြစ်တယ်လို့
စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးအောင်
မျိုးလွင် ကပြောပါတယ်။
ပေးပို့လာတဲ့ ကြိုတင်မဲဆန္ဒရှင်စာရင်းကို
မြို့နယ်နှင့် ရပ်၊ကျေး ကော်မရှင်အဖွဲ့တွေက
မဲစာရင်းကို စီစစ်ပြီး ပုံစံ(၁)၊ (၂)စတာတွေ
နဲ့ သီးခြားစာရင်းပြုစုကာ ရရှိလာတဲ့စာရင်း
အတိုင်း ကြိုတင်မဲလက်မှတ်နဲ့ စာအိတ်တွေ
ကိုသက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပမှာရှိတဲ့ သင်
တန်းကျောင်း၊ အချုပ်ခန်း၊ ဆေးရုံ စတဲ့ နေ
ရာတွေက အကြီးအကဲတွေဆီ ပေးပို့သွား
မှာဖြစ်ပါတယ်။
ပထမအကြိမ်ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်း
အရ စစ်ကိုင်းတိုင်းဒေသကြီးမှာ မဲပေးခွင့်
ရှိသူပေါင်း (၄၁)သိန်းကျော်ရှိခဲ့ပြီး ဩဂုတ်
လ(၉)ရက်နေအထိ ပုံစံ(၃)နဲ့လျှောက်ထား
သူ(၃၃၀၀၀)ကျော်၊ပုံစံ(၄)နဲ့ ပယ်ဖျက်သူ
(၁၁၀၀၀)ကျော်၊ပုံစံ(၄-ဂ)နဲ့ အချက်လက်ပြ
င်ဆင်သူ (၃၂၀၀၀)ကျော်ရှိတယ်လို့ တိုင်း
ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ရုံးစာရင်းတွေအရ သိရပါတယ်။