Month

December 2025

စစ်ရှောင်တစ်ယောက်၏ အထီးကျန်သိမ်ငယ်ခြင်းများ

ဝေလင်းလက် (မျက်မှောက်ခေတ် အက်ဆေး) အပြင်မှာတော့ မိုးမချုပ်သေး။ ဒါပေမယ့် သူတို့နေသည့်နေရာမှာတော့ မှောင်နေပြီ။ သူတို့တဲတန်းလေးကို ချောက်ကမ်းပါးနှစ်ဖက်က ကာရံထားသည်။ သစ်ပင်နှင့် ဝါးပင်တွေက အုပ်မိုးထားသည်။ သစ်ကိုင်းတစ်ကိုင်း မချိုးရ။ ဝါးတစ်ပင်မျှမခုတ်ရ။ မျှစ်တစ်ချောင်းမျှ မချိုးရ။ ဒါတွေဖောက်ဖျက်လျင် ဒီနေရာမှာ နေခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း...
Read More

မုံရွာက စစ်တပ်ရွေးကောက်ပွဲမှာ မဲစာရင်း အမှား အများအပြား ရှိနေဟုဆို

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်တပ်က ဖိအား‌ပေးခြိမ်းခြောက်နေတဲ့အတွက် မဲစာရင်းသွားကြည့်ရာမှာ မဲစာရင်းအမှားတွေ အများအပြား တွေ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က တာ၀န်ခံပြီးပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲ အတွက် စစ်သားတွေက ပြည်သူလူထုကို မဲစာရင်းနံပါတ်မေးပြီး မပြောနိုင်ရင် ဆဲ၊ဆို၊ရိုက်၊နှက်တာတွေ ပြုလုပ်နေတဲ့အတွက် မုံရွာမြို့ခံ...
Read More

ချင်းပြည်၊ ဟားခါးမြို့မှာလည်း ရွေးကောက်ပွဲနေ့ အပြင်ထွက်သူမရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားတဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြည်သူတွေဟာ လမ်းမကို မထွက်ကြတာကြောင့် တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ကြဘဲ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF...
Read More

ကလေးမြို့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ပြည်သူတွေ ပါဝင်ခြင်းမရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ပူးပေါင်းပါဝင်းခြင်းမရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် တစ်မြို့လုံးနီးပါး လူတွေလမ်းပေါ်မထွက်ကြဘဲ မြို့မှာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့မှာ ရပ်ကွက်ပေါင်း...
Read More

လိုက်လျောညီထွေတဲ့ ပြုပြင်ပြောင်းလဲမှုကို မလုပ်နိုင်ခဲ့ကြရင်…

တက်နေထွန်း (မျက်မှောက်ခေတ် အတွေးအမြင်) အာဏာသိမ်းစစ်တပ်က ပြည်သူတွေကို ဗုံးကြဲတယ်။ သတ်ဖြတ်တယ်။ ပြည်သူတွေ အကြောက်တရားနဲ့နေကြရတယ်။ စားဝတ်နေရေးတွေ ကျပ်တည်းကြတယ်။ ဖက်ဆစ်စစ်တပ်ကတော့ သူတို့အာဏာတည်မြဲရေးအတွက်အကြမ်း ဖက်တဲ့ နည်းလမ်းမျိုးစုံကို သူတို့ မပြုတ်မချင်း သုံးမှာဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းသိမ်းချင်း သူတို့အင်အားတွေကို ထုတ်ပြတယ်။...
Read More

ဆရာဦးထွန်းသိန်းကို တွေ့မိသလား

ဟန်နီကို (မျက်မှောက်ခေတ် ပညာရေး) ၁။ ဆရာကြီးဦးထွန်းသိန်းမှာ မကျေမနပ် ဖြစ်နေပါသည်။ “ဒီမှာဗျ ခင်ဗျားပြောင်းမယ့်ကိစ္စကို ဒီလောက်ဝမ်းပန်းတနည်းဖြစ်နေကြတာ ကျွန်တော်ဖြင့် လုံးဝနားမလည်ဘူး။ ရွာလူကြီးဦးညိုတုတ်ကလည်း စကားတောင်ပြီးအောင် မပြောနိုင်ဘူး။ ငိုပြီး ထိုင်သွားရတယ်။ ကျွန်တော်ဒီလူကို အရင်က အထင်ကြီးထားတာတွေ သွားရော။ တစ်ယောက်ပြီး...
Read More

ပညာရေးဝန်ထမ်းတွေကို ကာကွယ်မှု မပေးနိုင်တော့ဘူးလား

ဟန်နီကို ( မျက်မှောက်ခေတ် ပညာရေး) ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပညာရေးတာဝန်ခံ ဆရာမကြီး ဒေါ်‌အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံခဲ့ရသည်။ ဆရာမကြီးတို့ ဇနှီးမောင်နှံ သူတို့နေအိမ်တွင် အိပ်နေစဥ် လူတစ်စုက ဓားနဲ့ခုတ်ပြီး သတ်ဖြတ်သွားခြင်း ဖြစ်သည်။...
Read More

နွေဦးတပ်ပေါင်းစုကို ကြိုဆိုတယ်

တက်နေထွန်း (မျက်မှောက်ခေတ် အတွေးအမြင်) နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်တာကို တွေ့ရတယ်။ အာဏာသိမ်းစစ်တပ်ကို အမုန်းကြီးမုန်းနေကြတဲ့ပြည်သူတွေ၊ အာဏာသိမ်းစစ်တပ်ဆိုတာ တိုင်းပြည်မှာ မရှိစေချင်တော့တဲ့ ပြည်သူတွေဟာ နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု...
Read More

ယောဒေသ၊ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်၊ စစ်တပ်အဖွဲ့ဝင်တွေ ထိခိုက်မှုရှိ

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့လယ်က စစ်တပ်အဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီကနေ သိရပါတယ်။ “အသံအကျယ်ကြီးကို ပေါက်ကွဲသွားတာ။ စခန်းထဲမှာ ဗုံးပေါက်ကွဲပြီးတော့...
Read More

လူ့အခွင့်အရေးနေ့မှာ စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကြီးကို လေကြောင်းတိုက်ခိုက်

အာရက္ခပြည်၊ မြောက်ဦးမြိုက ပြည်သူ့ဆေးရုံကြီးကို လူ့အခွင့်အရေး‌နေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က လေကြောင်းက‌နေ တမင်တကာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
error: Content is protected !!