တကျော့ပြန်ကိုဗစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ခံရသူ ၁၄ ဉီးထိရှိလာ
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိရသူ ၁၄ ဦး မြို့နယ်အနေနဲ့ ၁၁ မြို့နယ်ထိ ရှိလာနေပြီဖြစ်ပါတယ်။ အခုလို ကူးစက်ခံနေရတဲ့သူတွေထဲမှာ ပြည်ပကူးစက်မှုအနေနဲ့ တရုတ်နိုင်ငံကနေ နေရပ်ပြန်လည်ရောက်ရှိလာသူ တစ်ယောက်သာရှိခဲ့ပြီး ကျန်တာတွေက ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပါတယ်။... Read More
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦး တမူးမြို့ကိုရောက်ရှိ
အိန္ဒိယနိုင်ငံကနေ နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို တမူးမြို့၊ အမှတ် ၁ နယ်စပ်ဂိတ်ကတစ်ဆင့် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက တမူးမြို့ကို ဝင်ရောက်လာတယ်လို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ တမူးမြို့မှာ နေရပ်ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား... Read More
ဝက်လက်မြို့နယ်တွင် ပေါ့ဆမီးကြောင့် စိတ်ဝေဒနာရှင်တစ်ဦး မီးလောင်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ကျေးရွာအုပ်စု၊ ပြွန်ဦးကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးဆုံးရှုံးကာ စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ မီးလောင်မှုက ဆေးလိပ်မီးပွားကျရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်မှာရှိနေတဲ့ အသက် (၈၀)နှစ်အရွယ် စိတ်ဝေဒနာရှင်... Read More
ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး စတင်တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦးထံကနေ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်ရောဂါပိုးတွေ့လူနာက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ကနေ အလုပ်လုပ်ပြီး ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က ရောက်ရှိခဲ့ပြီး... Read More
မုံရွာမြို့ ကန်သာယာ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောက်တိုဘာလအတွင်း ပြီးစီးရန်မျှော်မှန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ကန်သာယာ သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကို တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ ကန်သာယာပတ်လမ်း၊ စတီးလက်ရမ်း၊ မြေထိန်းကျောက်စီတာ စတဲ့ လုပ်ငန်းတွေကို တင်ဒါတွေနဲ့ ဇူလိုင်လကစတင် လုပ်ဆောင်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမတိုင်ခင်... Read More
ပလက်ဝမှာ မျှစ်ချိုးသွားတဲ့အမျိုးသမီးသုံးယောက် မိုင်းနင်းပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ မြို့မရပ်ကွက်ကနေ မြို့ပြင်တောတွင်းကို မျှစ်ချိုးသွားရာကနေ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး ကျန်နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိမှု စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ “ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း ပလက်ဝနဲ့ဆို ၄၊ ၅ ဖာလုံလောက်ပဲဝေးမှာပါ။... Read More
ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် မုံရွာမြို့တွင် Fever Clinic ဆေးခန်း ပြန်ဖွင့်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ Fever Clinic ဆေးခန်းကို လာမယ့်စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ Save Monywa အဖွဲ့ခေါင်းဆောင် ဦးအောင်နေမျိုးက ပြောပါတယ်။ လတ်တလောမှာ ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှုတွေက များလာနေပြီး ရိုးရိုးဖျားတာလား၊ ကိုဗစ်ကြောင့်လားဆိုတာ ကနဦးခွဲခြားနိုင်အောင် Fever... Read More
ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ လူတစ်သောင်းကျော်စားဖို့ ဆန်ရိက္ခာက ၂ ရက်အတွက်ပဲကျန်
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်းပိုင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား မကြာခဏ စစ်ရေးထိတွေ့မှုတွေဖြစ်ပွားပြီး ဒေသခံ ပြည်သူတစ်သောင်းကျော်ဟာလဲ နေရပ်စွန့်ခွာလို့ ပက်လက်ဝမြို့နယ်ထဲက တိုက်ပွဲရှောင် (IDPs Camp ) အသီးသီးမှာ ခိုးလှုံနေထိုင်ကြပါတယ်။ အဲ့ဒီ တိုက်ပွဲရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာနှင့် ကူညီထောက်ပံ့ရေး... Read More
မုံရွာမှာ ပြည်တွင်းစစ်ဆန့်ကျင်စာရွက်ကပ်ခဲ့တဲ့ ဗကသကျောင်းသားလေးဉီးအနက် တစ်ဉီးကို ဖမ်းဆီးထားပြီး သုံးဉီးကို ဖမ်းဝရမ်းထုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ တပ်မတော်နှင့် ပြည်တွင်းစစ်ကို ဆန့်ကျင်စာရွက်တွေ လိုက်လံကပ်ခဲ့တဲ့ မုံရွာခရိုင် ဗကသကျောင်းသားတစ်ဉီးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ နေအိမ်ကိုသွားရောက် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူက မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု... Read More