နိုင်ငံကျော်တေးသံရှင် အဆိုတော် စိုင်းဆိုင်မောဝ်ကွယ်လွန်

မျက်မှောက်ခေတ်      ဇူလိုင် ၁၇

နိုင်ငံကျော် တေးသံရှင် အဆိုတော် စိုင်းဆိုင်မောဝ် (ခ) ဦးစိုင်းညွှန် ဒီကနေ့ ဇူလိုင်လ ၁၇ရက် ညပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ၎င်းတို့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ အတည်ပြုထားပါတယ်။

“ဟိုတခါတုန်းက မန္တလေးမှာ ကွယ်လွန်ပြီဆိုလို့ video callနဲ့ ကျနော်ရှင်းပြဖူးသေးတယ် အကိုရေ အခုတော့ တကယ်ဖြစ်သွားပြီလား ဂီတလောကအတွက် ၀မ်းနည်းမိပါတယ်။ သေချာပြီလို့လဲ စာပို့ထားလို့ အထူး၀မ်းနည်းမိပါတယ်” လို့ နိုင်ဇော် (Lazy Club)က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၆နှစ် ရှိပြီဖြစ်ပြီး ရှမ်းပဲပုပ်လေးကျွန်တော်၊ အိပ်မရတဲ့ညပေါင်းတွေ၊ တစ်ရွာသားနဲ့ ပဝါပါး၊ မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ၊ မူဆယ်-နမ့်ခမ်းလမ်း စတဲ့သီချင်းတွေအပါအဝင် ကျော်ကြားတဲ့တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူလဲ ဖြစ်ပါတယ်။

Facebook>>>>>
https://www.facebook.com/myithmautkhit

YouTube >>>>> https://youtube.co/@nowadaysnewsofficial

Telegram>>>>>
https://t.me/nowaday24media

Website>>>>>>>>
https://nowadays-news.com

error: Content is protected !!