Home > Uncategorized > မင်းတပ်ကို ဒုတိယ ထန်တလန်ဖြစ်‌အောင် မင်းအောင်လှိုင် အကောင်အထည် ဖော်နေသလား

မင်းတပ်ကို ဒုတိယ ထန်တလန်ဖြစ်‌အောင် မင်းအောင်လှိုင် အကောင်အထည် ဖော်နေသလား

မင်းတပ်ကို ဒုတိယ ထန်တလန်ဖြစ်‌အောင် မင်းအောင်လှိုင် အကောင်အထည် ဖော်နေသလား

(မျက်မှောက်ခေတ် သတင်းဆောင်းပါး)

ချင်းပြည်နယ်တောင်ပိုင်း  မင်းတပ်မြို့ပေါ် အနီးအနား နေရာတွေကို စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်သွယ်ရေး ဖုန်းလိုင်းမရတာ နှစ်ချီကြာမြင့်နေပြီဖြစ်သောကြောင့် ပျက်စီးဆုံးရှုံးမှုကို တိတိကျကျမသိရ။

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ယခု ၂၀၂၄ ခုနှစ်တွင် ဆက် တိုက်ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သော သြဂုတ်လက မင်းတပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ပြုလုပ်ခဲ့ပြီး ယခုစက်တင်ဘာလအတွင်းလည်း ဗုံးကြဲသည့်အကြိမ်ရေ အကြိမ် ၃၀ ထက်မနည်းရှိပြီဖြစ်ကြောင်း The Mindat Post ကဖော်ပြထားသည်။

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် မီးရှို့ဖျက်ဆီးမှုတွေလည်း ပြုလုပ်နေသည်။

စက်တင်ဘာလအတွင်း မင်းတပ်မြို့ပေါ်မှာ မီးလောင်မှု ငါးကြိမ်ဖြစ်ပွားခဲ့သည့်အနက် လေးကြိမ်မှာ စစ်ကောင်စီစစ်သားတွေ မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး တစ်ကြိမ်မှာ လက်နက်ကြီးထိမှန်ရာကလောင်ကျွမ်းခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် ခုစက်တင်ဘာလအတွင်း နေအိမ်အလုံး ၂၀ ထက်မနည်း မီးလောင်ကျွမ်းခဲ့သည်။

ပြီးခဲ့သည့် ဧပြီလနဲ့ ဩဂုတ်လ နှစ်လအတွင်း  စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရှေ့ပြင်နဲ့ အနောက်ရပ်ကွက်မှက နေအိမ် အလုံး ၃၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်းကနေ ခဲယမ်း ရိက္ခာတွေဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေသည်။

စစ်ကောင်စီ၏ဘေးအန္တရာယ်ကြောင့် မြို့ပေါ်မှထွက်ပြေးတိမ်းရှောင်နေကြရသူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသည်။

ပြီးခဲ့တဲ့သုံးနှစ် ၂၀၂၁ ခုလိုစက်တင်ဘာလမှာ မင်းအောင်လှိုင်သည် ထန်တလန်မြို့ကို မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့သို့ ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးပြပြီးနောက် ” ငါတို့ကို တော်လှန်ရင် ထန်တလန်လိုဖြစ်သွားမယ်” ဆိုပြီး စစ်ကောင်စီက ချင်းပြည်သူလူထုကိုခြိမ်း ခြောက်ခဲ့သည်။

လက်ရှိအချိန်တွင် စစ်ရေးအရ ရှုံးနိမ့်နေသော စစ်ကောင်စီသည် မင်းတပ်မြို့နယ် တဝိုက်ကိုနေ့စဥ်နီးပါး လေကြောင်းကနေ ဗုံးလာကြဲနေပြီး စစ်ကောင်စီတပ်အနီးက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသည်။

တီးတိန်မြို့ပေါ်တိုက်ပွဲတွင်းကလည်း စစ်ကောင်စီသည် နေအိမ် ၇၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ မင်းအောင်လှိုင်သည် မင်းတပ်မြို့ကိုလည်း ထိုသို့လုပ်မည်မှာ သေချာသလောက်ရှိသည်။

လတ်တလောတွင် မင်းအောင်လှိုင်သည် မင်းတပ်ကို ဒုတိယ ထန်တလန်ဖြစ်အောင် တတိတိ ဖျက်ဆီးနေ သည်။

မင်းအောင်လှိုင်သည် ချင်းပြည်နယ်ကမြို့တွေကို ထန်တလန်လို ဖျက်ဆီးလာနိုင်တဲ့ အခြေအနေကို
ကာကွယ်ဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက်နေမည်ဟု ယုံကြည်ပါသည်။

ပုံစာ – မင်းတပ်မြို့နယ် လေကြောင်းတိက်ခိုက်ခံရမှုနှင့် နေအိမ်မီးလောင်မှု။
Credit photo.

error: Content is protected !!