Home > သတင်း > ကျန်းမာရေး > မုံရွာတွင် အိုးရှင်းစူပါစင်တာမှ ဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုး

မုံရွာတွင် အိုးရှင်းစူပါစင်တာမှ ဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုး

မုံရွာမြို့မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုးခဲ့ပြီး အဲဒီထဲမှာ အိုးရှင်းစူပါစင်တာက ဝန်ထမ်းတစ်ဦး ပါဝင်တယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။

“အဲဒီပိုးတွေ့နှစ်ယောက်က ဒီနေ့ မနက်က အနံ့ပျောက်လို့ မုံရွာမြို့ ပြည်သူ့ဆေးရုံကိုလာပြတာ။ လာပြတော့ Test kit နဲ့စစ်တော့ ပိုးတွေ့ခဲ့တာပါ။ အဲဒီပိုးတွေ့နှစ်ယောက်ထဲက ထန်းတောရပ်ကွက်အမျိုးသမီးက အိုးရှင်းစင်တာကဝန်ထမ်းပါ။ နှစ်ယောက်လုံးက ကျန်းမာရေးကတော့ ကောင်းမွန်ပါတယ်။”လို့ ဦးအာကာမြင့်က ပြောပါတယ်။

အဲဒီပိုးတွေ့နှစ်ယောက်ဟာ အမျိုးသမီးတွေဖြစ်ပြီး တစ်ဦးမှာ နတ်လူထိပ္ပန်ရပ်ကွက်နှင့် ကျန်တစ်ဦးကတော့ ထန်းတောရပ်ကွက် နေထိုင်သူတွေဖြစ်ကာ ခရီးသွားရာဇဝင်မရှိဘူးလို့ ကျန်းမာရေးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုံရွာမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၈၉ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၆၇ ဦးရှိကာ သေဆုံးသူ ၂ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။ မုံရွာမြို့က အခုရက်ပိုင်းအတွင်း ရက်ဆက်ဆိုသလို ပိုးတွေ့သူတွေ တိုးလာနေတာလည်း ဖြစ်ပါတယ်။ ရပ်ကွက်တချို့က လမ်းအချို့ကိုတော့ အသွားအလာတွေ ကန့်သတ်ထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၅၇၄ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၃၃၇ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!