Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းဒေသကြီးမှာ ငါးနှစ်တာကာလအတွင်း မီးလောင်ခဲ့သည့်အကြိမ်ရေ ၈၄၀ အထိရှိခဲ့ပြီး အများဆုံးက ပေါ့ဆမီးဖြစ်

စစ်ကိုင်းတိုင်းဒေသကြီးမှာ ငါးနှစ်တာကာလအတွင်း မီးလောင်ခဲ့သည့်အကြိမ်ရေ ၈၄၀ အထိရှိခဲ့ပြီး အများဆုံးက ပေါ့ဆမီးဖြစ်

ချောင်းဉီးမြို့နယ်သို့ မီးသတ်ယာဉ်ပေးအပ်စဉ်/Archive

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာကာလအတွင်း မီးလောင်ခဲ့တဲ့ အကြိမ်ရေ ၈၄၀ အထိရှိခဲ့တယ်လို့  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မီးလောင်ခဲ့တဲ့ အမျိုးအစားတွေက မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ အလိုအလျောက်မီး၊ တောမီးနှင့် မိုးကြိုးမီးတွေဖြစ်ကာ အများဆုံးက ပေါ့ဆမီးဖြစ်ခဲ့ပြီး မီးလောင်မှုအကြိမ်ရေ ၂၃၀ ထိ ရှိခဲ့ပါတယ်။ ဒုတိယအများဆုံးက လျှပ်စစ်မီးနှင့် မီးဖိုမီးတွေဖြစ်ကာ အနည်းဆုံးကတော့ မိုကြိုးမီးဖြစ်ခဲ့ပါတယ်။  

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မီးလောင်ခဲ့တဲ့အကြိမ်ရေ ၁၈၆ ကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၁၅၀ ကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ မီးလောင်ခဲ့တဲ့အကြိမ်ရေ ၁၉၀၊ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၁၇၆၃ ကျော်၊ ၂၀၁၈ ခုနစ် မီနီဘက်ဂျက်အတွင်း အကြိမ်ရေ ၆၈ ကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၁၂၀ ကျော်ရှိခဲ့ကာ ၂၀၁၈-၂၀၁၉ မှာ အကြိမ်ရေ ၂၀၆ ကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၂၂၀ ကျော်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မီးလောင်ခဲ့သည့်အကြိမ်ရေ ၁၉၀ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၆၈၀ ကျော်အထိ ရှိခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် အစီရင်ခံစာမှာတော့ ဖော်ပြမထားပါဘူး။ စစ်ကိုင်းတိုင်းအတွင်း မီးလောင်ဆုံးရှုံးမှုတွေ လျော့နည်းအောင်၊ သဘာဝဘေးအန္တရာယ်တွေဖြစ်လာရင် အလျင်အမြန်တုန့်ပြန်နိုင်အောင် အစိုးရအဖွဲ့က လူအား၊ ယာဉ်ယန္တရားအင်အားတွေကိုလည်း ဖြည့်တင်းထားပါတယ်။

error: Content is protected !!