Home > သတင်း > တောင်သူလယ်သမား/အလုပ်သမားရေးရာ > စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေအတွက် သီးနှံရိတ်သိမ်းချိန်လွန် နည်းပညာတွေ ပံ့ပိုးပေးဖို့လိုအပ်နေ

စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေအတွက် သီးနှံရိတ်သိမ်းချိန်လွန် နည်းပညာတွေ ပံ့ပိုးပေးဖို့လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တောင်သူတွေကို သီးနှံရိတ်သိမ်းချိန်လွန် နည်းပညာ ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ ကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကပြောပါတယ်။ တောင်သူတွေအနေနဲ့ သီးနှံစိုက်ပျိုးချိန်မှာ ရာသီဥတု၊ ဖျက်ပိုးအန္တရာယ် စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရသလို ရိတ်သိမ်းပြီးချိန်မှာလည်း ပျက်စီးမှုတွေရှိနေတာကြောင့် အမြတ်အစွန်း ရသင့်သလောက်မရဘဲ ဖြစ်နေတဲ့အတွက် တိုင်းအစိုးရအနေနဲ့ လိုအပ်တဲ့ နည်းပညာတွေ ပံ့ပိုးပေးဖို့ တိုင်းလွှတ်တော် ၂၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့က လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

“ရိတ်သိမ်းချိန်နဲ့ ဈေးကွက်ကို တင်ပို့ ရောင်းချချိန်မှာ ပျက်စီးနေတဲ့ သီးနှံတွေအတွက် လိုအပ်တဲ့ နည်းပညာတွေကို အဓိကထားပြီး  တောင်သူတွေလက်လှမ်းမှီတဲ့ အခြေအနေအထိ ထောက်ပံ့ပေးဖို့ လိုနေတာဖြစ်တယ်။”လို့ ကလေးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တောင်သူလယ်သမားတွေ လိုအပ်နေတဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာတွေကို တိုင်းအစိုးရ အ‌နေနဲ့ဆောင်ရွက်ပေးဖို့ အစီစဉ်ရှိ၊ မရှိ မေး

ခွန်းနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာ၀န်ကြီး ဦးစိုးဦးက ပြန်လည်ဖြေကြားပေးခဲ့တာပါ။

“တောင်သူတွေလိုအပ်နေတဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာတွေကို စီမံ၊ဘဏ္ဍာ၀န်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဌာနနဲ့ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေသလို နိုင်ငံတကာဈေးကွက်ကို ၀င်ရောက်ရာမှာ လိုအပ်တဲ့ အရည်အသွေးစမ်းသပ် စစ်ဆေးနိုင်ဖို့ ခေတ်မှီ ဓာတ်ခွဲနည်းပညာ စက်ကိရိ

ယာတွေ တပ်ဆင်ပေးသွားဖို့ရှိတယ်။”လို့ ၀န်ကြီးက ပြောပါတယ်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ လူဦးရေရဲ့ (၆၀) ရာခိုင်နှုန်းကျော်ဟာ တောင်သူလုပ်ငန်းကို အခြေခံလုပ်ကိုင်ကြတာဖြစ်ပြီး စိုက်ပျိုးမြေဧက (၅၃) သိန်းကျော်ရှိပါ

တယ်။ တောင်သူတွေရဲ့သီးနှံရိတ်သိမ်းပြီးချိန်မှာ ပျက်စီးဆုံးရှုံးမှုနည်းပါးစေဖို့နဲ့ နိုင်ငံတကာဈေးကွက် ၀င်နိုင်ဖို့အတွက် လိုအပ်နေတဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာတွေကတော့ ဆန်စက်ကြိတ်ခွဲမှုနည်းပညာ၊ သီးနှံအခြောက်ခံမှုနည်းပညာ၊ အရည်အသွေး ထိန်းသိမ်းရေးနည်းပညာနှင့် လေလွင့်ဆုံးရှုံးမှု နည်းပါရေး စတဲ့ နည်းပညာတွေဖြစ်ပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!