Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီး အရပ်ဖက်အဖွဲ့စည်းများ ငြိမ်းချမ်းရေးကော်မတီမှ မုံရွာမြို့တွင် Mask များဝေငှ

စစ်ကိုင်းတိုင်းဒေသကြီး အရပ်ဖက်အဖွဲ့စည်းများ ငြိမ်းချမ်းရေးကော်မတီမှ မုံရွာမြို့တွင် Mask များဝေငှ

စစ်ကိုင်းတိုင်းဒေသကြီး အရပ်ဖက်အဖွဲ့စည်း များငြိမ်းချမ်းရေးဖိုရမ်ကော်မတီကနေ ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ရှိ စေ◌ျးနဲ့ မြို့တော်ခန်းမရှေ့မှာ Mask တွေ ဝေငှခဲ့ကြပါတယ်။

” Covid 19 ရောဂါ ပိုးတွေ့ဦးရေးများပြာလာတဲ့အတွက် ပြည်သူတွေ mask ပြန်လည်သုံးစွဲလာကြစေရန်နှင့် ကျန်းမာရေး အသိ၊ သတိရှိဖို့ရည်ရွယ်ပြီး ကမ်ပိန်းသဘော လုပ်တာပါ။” လို့ စစ်ကိုင်းတိုင်း အရပ်ဖက်အဖွဲ့အစည်း ဦးဆောင်သူ ဦးကျော်မိုးလှိုင်ကပြောပါတယ်။ Mask အခုရေ ၁၅၀၀ ကိုစစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အသီးသီးမှ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်တွေကနေ ဖြန့်ဝေပေးခဲ့တာလည်း ဖြစ်ပါတယ်။

ရွှေစွန်ညို(မင်းကင်း)

error: Content is protected !!