Home > သတင်း > ဒေသတွင်းသတင်း > ချင်းတွင်းမြစ်အတွင်းက ရေယာဉ်တွေကို (၃) ရက်တိုးပြီး ရပ်နားထား

ချင်းတွင်းမြစ်အတွင်းက ရေယာဉ်တွေကို (၃) ရက်တိုးပြီး ရပ်နားထား

မျက်မှောက်ခေတ်

မုံရွာ၊ ဩဂုတ် ၂၄

မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက်ကို ဆက်လက်ပြီးကျော်လွန် ရောက်ရှိနေတဲ့အတွက် မြစ်အတွင်းပြေးဆွဲနေတဲ့ ရေယာဉ်တွေကို နောက်ထပ်(၃)ရက်တိုးမြှင့်ပြီး ယာယီရပ်နားထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကအမြန်ရေ ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ အတွင်းရေးမှူး ကပြောပါတယ်။ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်တွေကို ဩဂုတ်လ(၂၁)ရက်နေ့ကနေ(၂၃) ရက်အထိ ယာယီရပ်နားထားဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှ်ိအချိန်ထိ စိုးရိမ်ရေမှတ် အထက် ကျော်လွန်နေတာကြောင့် (၂၆)ရက်နေ့အထိ ဆက်လက်ရပ်နားထားဖို့ ဆုံးဖြတ်ထားတာဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

“မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်စိုးရိမ်ရေမှတ်ဟာ (၁၀၀၀) စင်တီတာပါ။ ရေယာဉ်ပြေး ဆွဲတာတွေကို (၉၅၀) စင်တီမီတာကျော်ကတည်းက ရေယာဉ်အသင်းတွေနဲ့ တိုင်ပင်ပြီး (၃) ရက် ရပ်နားထားဖို့ဆုံးဖြတ်ခဲ့ကြတာ

ပါ။ အခုက မြစ်ရေက စိုးရိမ်ရေမှတ်အထက်ကို ဆက်ရှိနေတဲ့အတွက် ရေယာဉ်ပြေးဆွဲခွင့်ကိုလည်း ဩဂုတ်(၂၆)အထိယာယီရပ်နားထားကြဖို့ အကြောင်းကြားထားပါတယ်။” လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ အတွင်းရေးမှူး ဦးဇော်၀င်းက ပြောပါတယ်။

လက်ရှိအချိန်ထိ မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက်ကို (၃၀) စင်တီမီတာ ၀န်းကျင် ရောက်ရှိနေတာကြောင့် ကမ်းနားတစ်လျှောက်မှာရှိတဲ့ ရပ်ကွက်တွေအနေနဲ့ ရေကင်းတွေပြုလုပ်ပြီး မြစ်ရေအခြေနေကို စောင့်ကြည့်နေကြပါတယ်။ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဦးမယ်ဆိုရင်တော့ မြစ်အတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ရေယာဉ်တွေနှင့် ကုန်တင်ယာဉ်တွေရဲ့ ပြေးဆွဲခွင့်ကိုလည်းဆက်လက် ရပ်နားထားဖို့ရှိတယ်လို့တိုင်း ရ၊စ၊ကကော်မတီရုံးက သိရပါတယ်။ ချင်းတွင်းမြစ်အတွင်းမှာ မုံရွာမြို့ကနေ  ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စတဲ့ဒေသတွေကို ပြေးဆွဲနေတဲ့ ခရီသည်တင်နဲ့ ကုန်တင်ရေယာဉ်ပေါင်း (၁၀၀၀) ၀န်းကျင်ရှိပါတယ်။ လက်ရှိမှာ ချင်းတွင်းမြစ်ရေက စစ်ကိုင်းတိုင်းအတွင်း မြို့ ၆ မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို ရောက်ရှိနေပါတယ်။

error: Content is protected !!