စစ်ကိုင်းမြို့နယ်၊မင်းကွန်း ယဉ်ကျေးမှုဒေသရှိ၊ မင်းကွန်းခြေင်္သ့ ကြီးအနီး သြဂုတ်လ ၁၉ရက်နေ့က မြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်ကြာ မြေမြုပ်ပျောက်ကွယ်နေသည့် မင်းကွန်းသမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးများ၏အစွယ် နှစ်ချောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။”ခရီးသွားအဝင်အထွက် အသွားအလာ လုံးဝမရှိတော့ ကိုဗစ်ကာလမှာ ဈေးဆိုင်အားလုံးပိတ်ထားကြရတယ်။ကိုဗစ် အလွန် နိုင်ငံခြားသားဧည့်သည်တွေဝင်လာရင် ဆိုင်ခန်းတွေစနစ်တကျဖွင့်နိုင်အောင် မင်းကွန်းလေးဋ္ဌာနဆရာတော်များဦးစီးပြီး ခြင်္သေ့ကြီးတွေရှိရာဝန်းအတွင်းအနောက်တောင်ထောင့်နေရာမှာ ပြန်ဆောက်ဖို့ လိုင်းကျင်းတူးတာပါ။လိုင်းကျင်းအနက် တစ်ပေခွဲလောက်မှာ စကျင်ကျောက်သားနဲ့ပြုလုပ်ထားတဲ့ ရှေးဟောင်း ခြင်္သေကြီးတွေရဲ့အစွယ် နှစ်ချောင်းမမျှော်လင့်ဘဲတူးဖော်တွေ့ရှိတာပါ ” ဟု မင်းကွန်း ခြင်္သေ့ကြီး တောင်ဘက်ရှိ မင်းကွန်းအနုပညာပြခန်းမှ ပန်းချီဆရာကိုစုက ပြောကြားသည်။တူးဖော်တွေ့ရှိရည့် ခြင်္သေ့ရုပ်ထုများ၏အစွယ်များမှ အရှည် ၆၉ လက်မ၊လုံးပတ် အရင်း ၆၅ လက်မ၊အလယ် ၆၅ လက်မ၊အဖျား အတွင်း/အရင်းနေရာ ၂၀ လက်မနှင့် အချွန်းနေရာ ၁၆ လက်မ၊အချင်း ၃ပေရှိပြီး ခန့်မှန်း အလေးချိန်ပိဿ (၁၀၀၀)ခန့်ရှိကြောင်း သိရပြီတူးဖော် တွေ့ရှိခဲ့သော စကျင်ကျောက်သားခြင်္သေ့ရုပ်တုအစွယ်များကို လက်ရှိ ခြင်္သေ့ကြီး နှစ်ကောင်အနီးခုံပေါ်တွင် ယာယီထားရှိပြီး မင်းကွန်းလေးဋ္ဌာနဆရာတော်များမှ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်းသိရသည်။အမရပူရ ပထမ မြို့တည် ဘိုးတော်ဘုရားသည် မြန်မာသက္ကရာဇ်(၁၁၅၂) ခုနှစ်တွင် စစ်ကိုင်းမြို့နယ် မင်းကွန်းယဉ်ကျေးမှုဒေသ၌ မင်းကွန်းပုထိုးတော်ကြီး၊မင်းကွန်းခေါင်းလောင်းကြီး၊ခြင်္သေ့ကြီးနှစ်ကောင်နှင့် စစ်ကိုင်း -မင်းကွန်းသွားလမ်း ရွှေကြက်ထောင့်ကျေးရွာတွင် ကြက်ထောင့်ကန်ကြီးအား တည်ထားခဲ့ပြီး မင်းကွန်းခြင်္သေ့ရုပ်ထုနှစ်ကောင်မှာ ရှေးခေတ်အုတ်ချပ်ရေ ရှစ်သိန်းအကုန်အကျခံတည်ခဲ့ေကြာင်း၊ အမြင့်ပေ ၉၅ပေရှိကြောင်း၊ ၁၂၀၀ ပြည့်နှစ်ကလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ခြင်္သေ့ကြီး နှစ်ကောင် ရှေ့ပိုင်းကိုယ်များပြိုကျပျက်စီး မြေခခဲ့ရကြောင်းသမိုင်းမှတ်တမ်းများအရ သိရသည်။