Home > သတင်း > တိုင်းရင်းသားကဏ္ဍ > တိုင်းရင်းသားလူမျိုးတွေရဲ့ ပွဲတော်အခမ်း အနားတွေကို တစ်နှစ်ထက်တစ်နှစ် စည်ကားအောင် ကျင်းပပေးဖို့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဌပြောကြား

တိုင်းရင်းသားလူမျိုးတွေရဲ့ ပွဲတော်အခမ်း အနားတွေကို တစ်နှစ်ထက်တစ်နှစ် စည်ကားအောင် ကျင်းပပေးဖို့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဌပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူ မျိုးတွေရဲ့ ပွဲတော် အခမ်းအနားတွေကို တစ်နှစ်ထက်တစ်နှစ် စည်ကားအောင်ကျင်းပပေးဖို့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီက ဥက္ကဌက ပြောပါတယ်။ ဩဂုတ်လ(၁၇)ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီရဲ့ “၂၀၁၆ ကနေ ၂၀၂၀ထိ ၅ နှစ်တာကာလအတွင်း လုပ်ငန်းဆော င်ရွက်ချက်” အစီရင်ခံစာ တင်သွင်းရာမှာ ကော်မတီဥက္ကဌ ဦးကျော်ဌေးလွင် ကပြောဆိုခဲ့တာဖြစ်ပါတယ်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တခြားဒေသတွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ နေ့ထူးနေ့မြတ်အခမ်းအနားတွေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့၊ စာပေ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်သိမ်းစောင့်ရှောက်နိုင်ဖို့အတွက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ ဘတ်ဂျက်ပိုမို ထည့်သွင်းပေးသင့်တယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုး များအရေးဆိုင်ရာကော်မတီဥက္ကဌ ဦးကျော်ဌေးလွင်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံသား စီစစ်ရေးကဒ်ပြားတွေမှာ ကဒူးလူမျိုးတွေရဲ့ လူမျိုးအမည်မှားနေတဲ့ ကိစ္စတွေကိုလည်း လူမျိုးအမည်မှန်ဖြစ်ပေါ်စေရေးအတွက် စီမံချက်ရေးဆွဲပြီး အထူးဦးစားပေး ဆောင်ရွက်ပေးသင့်တယ်လို့ “၅ နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်” အစီရင်ခံစာ တင်သွင်းရာမှာ ကော်မတီ ဥက္ကဌ ဦးကျော်ဌေးလွင် ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ တိုင်းရင်းသားလူးမျိုးများ အရေးဆိုင်ရာကော်မတီကို ၂၀၁၆ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေ၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားလူမျိုးအချင်းချင်း အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

error: Content is protected !!