စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ယင်းမာပင်မြို့နယ်က ရွာအချို့ကို စစ်တပ်က ဇွန်လ ၇ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ် ။
“တိုက်ပွဲဲဖြစ်တာမရှိဘူး ။တမင်တကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ။ အိမ်ခြေဘယ်လောက်လောက် မီးလောင်သွားတာလည်းတော့ မသိရသေးဘူး” လို့ ဒေသခံတွေက ပြောပါတယ် ။
စစ်တပ်က ကနီနယ်နဲ့ ယင်းမာပင်နယ်မှာ အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းထိုးချိန် အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ ၊ သတ်ဖြတ်ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
စစ်တပ်က မီးရှို့ခဲ့တဲ့ ရွာတွေကတော့ ကနီမြို့နယ် အင်းပေါ်ကျေးရွာနဲ့ ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ- ယင်းမာပင်မြို့နယ်မှာ စစ်တပ်စသ်ကြောင်းကြောင့် ထွက်ပြေးနေရတဲ့အရပ်သားတွေကိုတွေ့ရစဉ်(ပုံဟောင်း)






