Home > သတင်း > ပြည်တွင်း > မင်းတပ််နဲ့ ဂန့်ဂေါကို စစ်တပ်ဗုံးကြဲတိုက်ခိုက်

မင်းတပ််နဲ့ ဂန့်ဂေါကို စစ်တပ်ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကို ဒီကနေ့ မတ် ၃၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းနဲ့ဗုံး ၂ လုံးကြဲချပြီးတိုက်ခိုက်ခဲ့တာကြောင့် အရှေ့ပြင်ရပ်ကွက်က ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးကျောင်း အဆောက်အဦတွေပျက်စီးခဲ့ပြီး လူထိခိုက်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ထိခိုက်မှုနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ချင်းမရှိသေးပါ။
ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိတယ်လို့မင်းတပ် သတင်းတွေ တင်ပေးနေတဲ့ ဒေသခံ HKL Mindat က သူ့ဖေ့ဘုတ်မှာ ဖော်ပြထားပါတယ်။
မတ် ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာပဲ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ဇီးပြားရွာအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂန့်ဂေါမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦးသိရပါတယ်။
Photo – Hkl – Mindat

error: Content is protected !!