မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ပျူစောထီးတစ်ဦးကို လက်နက်နဲ့အတူ ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကျောမြို့ ပ.က.ဖ ကထုတ်ပြန်ပါတယ်။
တောင်ညာမုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကင်းပတ်နေစဥ်ကျောမြို့က ပျူစောထီး တစ်ဦးကို ကျောမြို့အနောက်ဘက်ခြမ်း၊ လျှပ်စစ်ရူံးနှင့်ကြားစခန်းအကြားမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ပြည်ဖြိုးအောင်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ပြည့်ဖြိုးအောင်နဲ့အတူလက်နက်ငယ် (၁)လက်၊ ကျည်ဘောက်(၁)ဘောက် ကျည်(၁၄)ထောင့် ဆိုင်ကယ်(၁)စီး ဖုန်း(၁)လုံးတို့ကိုသိမ်းစည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ကျောမြို့ဟာ၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ပုံညာတောင်နဲ့ ပုံတောင်ကြား၊ ဂန့်ဂေါ – ပုလဲ ကားလမ်းမှာရှိပြီးစစ်တပ်က ထိန်းချုပ်ထားတာပါ။ ကျောဒေသဟာ အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးစက်ရုံ ပ.က.စ (၂၃) ရှိရာဒေသလည်းဖြစ်ပါတယ်။
ကျောမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ရှိပြီးသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးတဲ့နေရာမှာ ကြမ်းတမ်းတဲ့ ဂိတ်တစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Photo – ကျောမြို့ ပကဖ တောင်ညာမုန်တိုင်။






