စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မြင်းမူလမ်းပိုင်း ဂွေးပင်တောကျေးရွာအနီးမှာ စစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က စောင့်ကြီးတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအ၀င် စစ်တပ်ဖွဲ့၀င် ၈ဦး သေဆုံးခဲ့တယ်လို့ Anyar Defense Force အညာကာကွယ်ရေးအင်အားစု(ADF) LPDFကသတင်းထုတ်ပြန်ပါတယ်။
မြင်းမူမြို့နယ် ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းရွာကြားမှာ ကုန်တင်ကားတွေကို ပိုက်ဆံတောင်းဖို့ ထွက်လာတဲ့ အင်အား ၃၀ ၀န်းကျင်ပါ စစ်တပ်ကို တော်လှန်ရေးတပ်တွေက မတ်လ ၂၃ ရက် မနက် ၇ နာရီ၀န်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲအတွင်း ရန်သူ ၅ ဦး ကျဆုံးကြောင်းမျက်မြင်အတည်ပြုနိုင်ခဲ့ပြီး မြင်းမူဆေးရုံတွင် အရာရှိတဦး အပါအဝင် ၃ ဦး ထပ်မံ ကျဆုံးကြောင်း သိရသည်။ ရန်သူ ထိခိုက်ဒဏ်ရာရစာရင်းကိုမူအတည်ပြုနိုင်ခြင်း မရှိသေးပါ” လို့Anyar Defense Force အညာကာကွယ်ရေးအင်အားစု(ADF) LPDFရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁၀မိနစ်၀န်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့ထံကနေ သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့သလိုတော်လှန်ရေးတပ်ဖွဲ့၀င်ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို AnyarDefense Force အညာ
ကာကွယ်ရေးအင်အားစု(ADF)LPDF၊ပြည်သူ့
လွတ်မြောက်ရေးတပ်မတော် – PLA၊ နွေဦးလူ
ငယ် LPDF၊ Myinmu Local Defence Force LPDF၊ Youth Vigor Revolution Force LPDF
၊ Pentagram LPDF နဲ့ စစ်ကိုင်းခရိုင်ပကဖ တို က်ခိုက်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Anyar Defense Force အညာကာကွယ်ရေးအင်အားစု(ADF) LPDF






