စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံးကာ တစ်ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ ၂၂ရက်နေ့ မနက်ပိုင်းက ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦးလမ်းပိုင်း တောပုကျေးရွာဆိုင်းဘုတ်အနီးမှာ စစ်တပ်လက်အောက်ခံ စစ်သား၊ရဲနဲ့ပျူစောထီးတွေကိုဒေသခံတော်လှန်တပ်ဖွဲ့တွေဖြစ်တဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာစစ်တပ်လက်အောက်ခံ တပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ BRAVE HEART ARMY-BHA က သတင်းထုတ်ပြန်ပါတယ်။
ချောင်းဦးမြို့နယ်တောပုကျေးရွာကို ဘောလုံးကန်ဖို့သွားတဲ့ စစ်တပ်လက်အောက်ခံ စစ်သား၊ရဲနဲ့ ပျူစောထီးတွေရဲ့ ကားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA
၊MONYWASPECIALဒိတ်ဒိတ်ကြဲ၊MONYWA- DYNAMITE STF နဲ့ CHINDWIN FIGHTER GROUP.CFGအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြ
တာဖြစ်တယ်လို့ သိရပါတယ်။
ထို့အတူ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာပဲ ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာ အတွင်း ရောက်ရှိနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်လက်အောက်ခံတပ်ဖွဲ့၀င်တွေထိခိုက်သေဆုံးခဲ့ပြီး ရဲတစ်ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့၀င် ၂ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး ဖမ်းဆီးရမိတဲ့ စစ်တပ်လက်အောက်ခံ ရဲ တစ်ဦးကိုတော့ ချောင်းဦးမြိုနယ် ပကဖ အဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)စစ်ဒေသ(၃)၊မုံရွာခရိုင်ပကဖ(ရေနဂါးစစ်ကြောင်း)၊ချောင်းဦးမြို့နယ်ပကဖ(CHU PDF) ၊နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့ နဲ့ Special Force 11 တို့ ပူးပေါ င်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။






