မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို အညာဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးစာသင်ခန်း – Peace Classroomရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“မတ်လ (၈) ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများ၏ သတ္တိ၊ ခွန်အားနှင့် အောင်မြင်မှုများကို ဂုဏ်ပြုသောနေ့ ဖြစ်ပါသည်။
လွတ်လပ်မှု၊ တန်းတူညီမျှမှု ၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများအတွက် မရပ်မနား ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသော အမျိုးသမီးများ၏ သတ္တိနှင့် အားမာန်ကို ယနေ့တွင် အထူးလေးစား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” လို့ ငြိမ်းချမ်းရေးစာသင်ခန်း – Peace Classroomရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသမီးတိုင်း အခွင့်အလမ်းများနှင့် တန်းတူညီမျှမှုများ ရရှိပြီး မိမိတို့၏ အိမ်မက်များကို ယုံကြည်စွာ အကောင်အထည်ဖော်နိုင်ကြပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းထားပါတယ်။






