Home > သတင်း > စစ်ရေး > နတ်လာပို့ရွာ အလှုပွဲကို စစ်ကော်မရှင်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးပစ်ခတ် ၊ ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်

နတ်လာပို့ရွာ အလှုပွဲကို စစ်ကော်မရှင်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးပစ်ခတ် ၊ ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ယင်းမာပင်မြို့နယ်အစပ်မှာရှိတဲ့ နတ်လာပို့ရွာက အလှုပွဲကို စစ်ကော်မရှင်တပ်က မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အလှုဧည့်ခံချိန်နဲ့ ဆွမ်းကပ်နေချိန် လူအုပ်ထဲကို ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင် အသေခံဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“အလှုဧည့်ခံချိန်ဖြစ်သွားတာ ။ ပြီးတော့ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ပစ်ခတ်တာ ။ ကိုရင်တစ်ပါးအပါအဝင် အရပ်သား ခုနှစ်ဦးလောက် သေတယ်။ ဆယ်ယောက်ကျော်လောက် ထိခိုက်ဒဏ်ရာရရှိတယ်” လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ လက်နက်ကြီး၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အင်အားရာချီအသုံးပြုကာ ကနီမြို့နယ်အတွင်းက ရွာအချို့ကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရတာကြောင့် လူနေအိမ်အချို့နဲ့ ဘာသာရေးအဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ – Google Map မှာမြင်ရတဲ့ နတ်လာပို့ရွာ

error: Content is protected !!