Home > ရင်ဖွင့်စာ > ထိုင်းနိုင်ငံမှာ အလုပ်ထုတ်ခံရတဲ့ ပရိဘောဂစက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို WAG ကူညီ

ထိုင်းနိုင်ငံမှာ အလုပ်ထုတ်ခံရတဲ့ ပရိဘောဂစက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို WAG ကူညီ

ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်၊ နိခွန်းဖတ်ထနာ အိမ်သုံးပရိဘောဂ ထုတ်လုပ်သည့်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်‌ရွှေ့ပြောင်းလုပ်သား ၃၂ ဦး အလုပ်ထုတ်ခံရတဲ့အတွက် WAG Myanmar ကကူညီဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာအလုပ်သမား (PJ/CI/ဘတ်သမား) ကျား ၁၉ ဦး၊ မ ၁၃ ဦးစုစု‌ပေါင်း ၃၂ ဦးတို့ဟာ အဲ့ဒီ စက်ရုံမှာ အလုပ်လုပ်နေတာ ၃ လကနေ ၆အထိလုပ်သက်ရှိနေကြသူတွေဖြစ်တယ်လို့ ‌ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စက်ရုံက အလုပ်သမားတွေကို ကြိုတင်အကြောင်း ကြားတာမရှိဘဲ အလုပ်ကနေ ထုတ်လိုက်တဲ့အတွက် အခက်ကြုံနေရတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
နစ်နာကြေး၊ စမတ်ကြေး တခုခုပြန်လည်ရရှိလိုတဲ့အတွက် ကူညီဖြေရှင်းပေးဖို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဓာတ်ပုံ – WAG Myanmar

error: Content is protected !!