Home > သတင်း > တရားဉပဒေစိုးမိုးရေး > ပြစ်ဒဏ်ကျခံနေရသူတချို့ ပြန်လည်လွတ်မြောက်လာမယ်သတင်းကြောင့် လာရောက်စောင့်ဆိုင်းနေကြ

ပြစ်ဒဏ်ကျခံနေရသူတချို့ ပြန်လည်လွတ်မြောက်လာမယ်သတင်းကြောင့် လာရောက်စောင့်ဆိုင်းနေကြ

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတချို့ ဒီကနေ့မနက်မှာပြန်လည်လွတ်မြောက်လာမယ်ဆိုတဲ့သတင်းကြောင့် လာရောက်စောင့်ဆိုင်းနေသူတွေရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

“ပုဒ်မ(၅၀)ည၊၅၂(က)၊ ၇၀၀၀ ကျော် လွှတ်ပေးလိုက်တယ်တဲ့။ လွတ်လာမယ့် နိုင်ကျဉ်းတွေအတွက် အားရစရာပါ။ သေဒဏ်နဲ့ထောင့်တစ်သက်အပါအဝင်နှစ်၂၀ကျော်ချထားခံရတဲ့ နိုင်ကျဉ်းတွေလည်း အမြန်ဆုံးလွတ်မြောက်ကြပါစေ”နိုင်ငံအကျဉ်းသူတဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနမနက်ပိုင်းအချိန်မှာရေးသားထားပါတယ်။

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်ဆိုင်းနေကြတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေရဲ့ ပုံကိုထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာတယ်လို့လည်းဖော်ပြထားပါတယ်။

ဓာတ်ပုံ – PPNM

error: Content is protected !!