Home > သတင်း > စစ်ရေး > ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတိုက်ပွဲဖြစ် ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်

ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတိုက်ပွဲဖြစ် ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းက စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်တာရှိခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ဘက်က လေယာဉ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ အင်အားရာနဲ့ချီအသုံးပြုပြီး ပုလဲမြို့နယ် ချင်ပြစ်ရွာကို ယာယီအထိုင်ချနေခဲ့တာဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစလို့ ဒီကနေ့ဆိုရင် ၃ ရက်မြောက်ရှိသွားပြီလို့ ဆိုပါတယ်။

“တိုက်ပွဲအနဲငယ်ဖြစ်တာရှိတယ်။ စစ်တပ်ဘက်က အခြေအနေ မကောင်းတော့ လေယာဉ်ပစ်ကူခေါ်တယ်။လေကြောင်းနဲ့ နှစ်ကြိမ်လာဗုံးကြဲတယ်။အသေးစိတ်တော့ မသိရသေးဘူး” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ်အနောက်ခြမ်းဒေသက ရွာတွေကို စစ်ကြောင်းပတ်ထိုးနေတာဟာ ရက်သက်သတ္တပတ်ရှိနေပြီး ရွာအချို့ကို မီးရှို့ခဲ့တာတွေလည်း ရှိခဲ့သေးတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေတာဟာ နှစ်နဲ့ချီရှိနေပြီဖြစ်ပါတယ်။

error: Content is protected !!