Home > ဓာတ်ပုံ > ‎ကူးပြောင်းသွားတဲ့နှစ်တွေ

‎ကူးပြောင်းသွားတဲ့နှစ်တွေ

နှစ်တွေဟာ သည်လိုပဲ
ကုန်ဆုံးသွားမယ်လို့
‎ငယ်ငယ်ကတွေးခဲ့ဖူးတယ်။

တကယ်က
‎ချစ်ရသူတွေပါ
‎‌ပျောက်ဆုံးသွားကြ။

‎ကိုယ်ကချစ်ရသူနဲ့ဝေးပြီး
‎ကိုယ့်ကိုချစ်သူတွေနဲ့သာ အနေနီးခဲ့ရ။

အချိန်ဟာ
‎လပြည့်ပြည့်သာနေတဲ့
‎ညတစ်ညကိုတော့
အတူခေါ်ဆောင်လာစေခဲ့တယ်။

‎တသိမ့်သိမ့်လေးအေးနေမယ်
‎ဆောင်းလေဟာ ဒဏ်ရာတွေကို
ပြန်ပေါ်လာစေတတ်သလား။

နှစ်သစ်ကူးရင်
‎အတိတ်ဟာ ပြန်ပြန်ပေါ်လာတယ်
‎ငါရခဲ့တဲ့ နှစ်တွေ။

လွှားအောင်(စစ်ကိုင်း) -5.1.26

#လွှားအောင်(စစ်ကိုင်း)
#မျက်မှောက်ခေတ်
#ကဗျာ

error: Content is protected !!