Home > သတင်း > တရားဉပဒေစိုးမိုးရေး > မင်းကင်းတွင် NLD ဥပဒေအထောက်အကူပြုကော်မတီဥက္ကဌကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖမ်းဆီး

မင်းကင်းတွင် NLD ဥပဒေအထောက်အကူပြုကော်မတီဥက္ကဌကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖမ်းဆီး

မင်းကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌလည်းဖြစ်၊ လက်ရှိတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာ ဆန်းဝင်းရဲ့ မြို့နယ်စီခန့်ကို တင်ပြချက်အရ အခုလို ဖမ်းဆီးတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။   မင်းကင်းတွင် NLD ဥပဒေအထောက်အကူပြုကော်မတီဥက္ကဌ ဦးကျော်မင်းထွဋ်က Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားချက်တွေက အများပြည်သူ အထိတ်တလန့်ဖြစ်စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရားစွဲဆိုခံရတာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ နေအိမ်မှာပဲ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

“ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါက်တာဆန်းဝင်းက မင်းကင်းမြို့နယ် NLD ပါတီက ဥပဒေအထောက်အကူပြုကော်မတီဥက္ကဌ ကိုကျော်မင်းထွဋ်ကို နိုဝင်ဘာလက လာတိုင်တယ်။ ကိုကျော်မင်းထွဋ် Facebook ကနေရေးလိုက်တဲ့အကြောင်းအရာတွေက အများပြည်သူထိန့်လန့်မှုတွေ ဖြစ်ပါတယ် ဆိုပြီး တိုင်တာ။ ဥပဒေအရ အကြံဉာဏ်တောင်းတယ်။ ဥပဒေအကြံအဉာဏ်ရတော့ ခရိုင်၊ တိုင်းအဆင့်ဆင့် ခွင့်ပြုချက်တောင်းခံတယ်။ မနေ့က တိုင်းက ခွင့်ပြုချက်ရလို့ ဒီနေ့ပဲ မင်းကင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ၅၀၅ (ခ)နဲ့တရားစွဲလိုက်တာ။”လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဉီးဆန်းဗိုလ်က ပြောပါတယ်။

ဦးကျော်မင်းထွဋ်ကို တရားရုံးရဲ့ ဖမ်းဝရမ်းနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

“မနက်က ၁၁ နာရီထိုးခါနီး ရဲက ၁၀ ယောက်လောက်ရှိတယ်။ ရပ်ကွက်က ၂ ယောက်ပါတယ်။ တရားရုံးရဲ့ ဖမ်းဝရမ်းနဲ့ လာဖမ်းသွားတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတာပဲ သိရတယ်။ အသေးစိပ်မသိရသေးဘူး။ လက်ထိပ်ခတ်သွားတာတော့ မရှိပါဘူး။”လို့ ညီဖြစ်သူ ကိုကျော်မင်းအောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့မရဲစခန်းမှုး ဒုရဲမှုး ဇော်ဝင်းကျော်ကို အကြိမ်ကြိမ်ဆက်သွယ်မေပယ့် မအားသေးတဲ့အကြောင်းကိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အလားတူ ပြည်ခိုင်ဖြိုးပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်းကို ဆက်သွယ်ရာမှာလည်း ရဲစခန်းရောက်နေတဲ့အတွက် နောက်မှ ပြန်ဆက်သွယ်ဖို့ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မင်းကင်းမြို့နယ်မှာ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို တိုင်ကြားထားတာအပြင် ပြည်ခိုင်ဖြိုးပါတီကို တိုင်ကြားခဲ့မှုပေါင်း ၈ မှု၊ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားမှု ၄ မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှု ၁၇ မှု ရှိပြီး ၁ မှုကိုတော့ ဉပဒေအကြံတောင်းခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ပြည်ခိုင်ဖြိုးပါတီကလည်း NLD ပါတီကို တိုင်ကြားထားမှုတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မင်းကင်းမြို့နယ်မှာ NLD ပါတီက နေရာအားလုံး အနိုင်ရရှိထားပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!