Home > သတင်း > တရားဉပဒေစိုးမိုးရေး > ထောက်ခံသူရော၊ မထောက်ခံသူရဲ့အခွင့်အရေးပါ ကာကွယ်သွားမယ်လို့ NLD ထုတ်ပြန်

ထောက်ခံသူရော၊ မထောက်ခံသူရဲ့အခွင့်အရေးပါ ကာကွယ်သွားမယ်လို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေနဲ့ အဖွဲ့ချုပ်ကို ထောက်ခံတဲ့သူရော မထောက်ခံတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ နိုဝင်ဘာ (၁၇) ရက်က NLD ပါတီရဲ့ facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ စာပိုဒ် (၅) ပိုဒ် ပါဝင်ပြီး NLD ပါတီ စတင်ဖြစ်ပေါ်လာပုံ၊ ပါတီရဲ့ကျင့်စဉ်နဲ့ နိုင်ငံရေးဖြတ်သန်းခဲ့ပုံတွေကို အကျဉ်းချုံးဖော်ပြထားပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ထောက်ခံမှုနဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့တဲ့အပေါ် ပြည်သူလူထုရဲ့ကျေးဇူးနဲ့ ယုံကြည်မှုကို တာဝန်ကျေရမယ်လို့ ခံယူထားကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အဖွဲ့ချုပ်ကို ထောက်ခံသူရော၊ မထောက်ခံတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်ရှိ NLD အစိုးရအနေနဲ့ ၂၀ ၂၀ ရွေးကောက်ပွဲအနိုင်ရပြီး ပါတီဝန်းရံသူတွေအောင်ပွဲခံကြတဲ့အပေါ် ကိုဗစ်စည်းကမ်းနဲ့ ကြပ်မတ်မှု အားနည်းတာတွေရှိတယ်လို့နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ချို့က ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။ ခုချိန်က ကိုဗစ်နဲ့ဆိုတော့ ဘာသာရေးနဲ့ ပွဲလုပ်မရတော့ နိုင်ငံရေးနဲ့ လုပ်နေကြတာတွေရှိတယ်။ NLD အောင်ပွဲဆိုပြီး ဒေသအလိုက် လူစုလူဝေးနဲ့ လုပ်နေကြတာကိုလက်ရှိအစိုးရက မသိသလို လုပ်နေတာတွေ တွေ့နေရတယ်။ အစိုးရ အနေနဲ့က ကိုယ့်ကိုကိုယ်စားပြုသူရော၊ မပြုသူရောကိုပါ မျှမျှတတ လုပ်ဆောင်သင့်တယ်လို့ မုံရွာမြို့က ဒီမိုကရေစီကို ကူညီကြသူများကွန်ယက် (HPD) အဖွဲ့ ဦးဆောင်သူ ကိုစိုးဝင်းဆွေ ကပြောပါ တယ်။

ရွေးကောက်ပွဲအလွန် ကိုဗစ်ကာလမှာ အဖွဲ့ချုပ်ထောက်ခံသူတွေအနေနဲ့ လူစုလူဝေးနဲ့ ပါတီအနိုင်ရအောင်ပွဲခံတာတွေ အလွန်အကျွံလုပ်ဆောင်နေတာတွေရှိသလို အောင်ပွဲခံရာကတဆင့် လူထိခိုက်သေဆုံးတဲ့အထိ ခိုက်ရန်ဖြစ်ပွားတာတွေလည်း ရှိနေပါတယ်။

ကျော်ဇေယျ (မျက်မှောက်ခေတ်)

error: Content is protected !!