Home > သတင်း > တိုင်းရင်းသားကဏ္ဍ > လဟယ်မြို့တွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်လို့ မဲပုံးတွင်းရှိ မဲများအား ပယ်မဲအဖြစ် သတ်မှတ်

လဟယ်မြို့တွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်လို့ မဲပုံးတွင်းရှိ မဲများအား ပယ်မဲအဖြစ် သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ၊ မြိုမရပ်ကွက်မှာ ကြိုတင်မဲပုံးတစ်ပုံးရှိ မဲတွေကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပယ်မဲအဖြစ် သတ်မှတ်လိုက်တယ်လို့ လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးပါခင်က ပြောပါတယ်။ အဲဒီကြိုတင်မဲပုံးရှိ မဲတွေကို အောက်တိုဘာလ ၂၉ ရက်နေ့က ကောက်ယူခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးကြိုးတစ်ချောင်းပြတ်တောက်ခြင်းကြောင့် နိုင်ငံရေးပါတီ ၄ ပါတီက သဘောတူညီချက်တွေနဲ့ ပယ်မဲအဖြစ် သတ်မှတ်လိုက်တာပါ။

“အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်မဲပုံးတစ်ပုံးထဲမှာ ကြိုတင်မဲထည့်ထားတဲ့ကြိုတင်မဲ ၂၂ ယောက်ထည့်ထားတဲ့မဲပုံးပါ။ ကြိုတင်မဲပုံးချိတ်ပိတ်ကြိုးလေးပင်ထဲက တစ်ပင်ကပြတ်သွားတာ။ကျွန်တော်တို့ကလဲကြိုးရဲ့အရည်အသွေးကိုလဲ မစမ်းကြည့်လိုက်ဘူး။ အမှန်တကယ်ကတော့ ကြိုးအရည်အသွေးညံ့လို့ဖြစ်သွားတာကိုး။ အဆစ်နားလေးမှာ ခေါက်ရာလေးပါတယ်။ အဲဒီနားမှာ ပြတ်သွားတာ။ အဲဒါကို သံသယဝင်ကြတာ။ အဓိကတော့ လုံခြုံရေးကြိုးပြတ်သွားတယ်ဆိုတော့ အဘက်ဘက်ကမသင်္ကာတော့ဘူးပေါ့။ ပယ်မဲအဖြစ် သတ်မှတ်ဖို့ နိုင်ငံပါတီလေးပါတီစလို့က သဘောတူလိုက်တာပါ။ အခုမဲပုံးဟာ ကျေးရွာတွေမှာ တာဝန်ထမ်းဆောင်မယ့်အထူးရဲတွေ၊ မဲရုံမှာ တာဝန်ထမ်းဆောင်မယ့် ဆရာ၊ဆရာမတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ပေးထားတဲ့ မဲပုံးဖြစ်ပါတယ်။”လို့ ၎င်းကပြောပါတယ်။

လဟယ်မြို့နယ်မှာ မဲဆန္ဒရှင်ပေါင်း ၅၈၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၀၅ ရုံဖွင့်လှစ်ထားကာ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၉၀၀ နီးပါးရှိတယ်လို့လည်း လဟယ်မြို့နယ် ရေကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံက သိရပါတယ်။လဟယ်မြို့နယ်မှာ NLD, USDP, UBP နှင့် NNP စတဲ့ နိုင်ငံရေးပါတီ ၄ ပါတီက ကိုယ်စားလှယ်လောင်း ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!