Home > သတင်း > ကျန်းမာရေး > ဟုမ္မလင်းက အတည်ပြုလူနာနှင့် ဆက်စပ်ခဲ့သူ ၇ ဦးကို SWAB ယူစစ်ဆးနေ

ဟုမ္မလင်းက အတည်ပြုလူနာနှင့် ဆက်စပ်ခဲ့သူ ၇ ဦးကို SWAB ယူစစ်ဆးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ ဟုမ္မလင်းမြို့မှာ တွေ့ရှိတဲ့ ကိုဗစ်အတည်ပြုလူနာနဲ့ ဆက်စပ်ခဲ့တဲ့ ၀န်ထမ်းတစ်ဦးအပါအ၀င် လူ၇ဦးရဲ့ နှာခေါင်းအာခေါင်တို့ဖတ်တွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနက ရယူပြီး မန္တလေးဓာတ်ခွဲခန်းကို ပေးပို့ထားတယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်းဝင်းက ပြောပါတယ်။ ဒါ့အပြင် ခန္တီးမြို့မှာ Quarantine ထားရှိတဲ့သူတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်တွေနဲ့ပက်သက်လို့ မန်းလေးဓာတ်ခွဲခန်းကို ပို့ဆောင်တဲ့ နေရာမှာလည်း အခက်ခဲတွေ ရှိနေတယ်လို့ ဦးသိန်းလှိုင်းဝင်းက ပြောပါတယ်။

“အခုကျနော်တို့ ခန္တီးမှာ နှာခေါင်း၊  အာခေါင်တို့ဖတ်တွေ မန်းလေးဓာတ်ခွဲခန်းကို ပို့ဖို့ရာအတွက် အခက်ခဲဖြစ်နေတယ်။ ဘာလို့အခက်ခဲဖြစ်တာလည်းဆိုတော့ ရေကြောင်းတွေလည်း ပိတ်ထားတယ်။ လေယာဉ်တွေလည်း မပြေးဆွဲကြတော့ဘူး။ ကားငှားပြီးတော့ ပို့နေရတယ်။ ခန္တီးမြို့ကနေ မန္တလေးကို Swab ပို့ဖို့ ကျောက်မျက်ကုမ္မဏီတစ်ခုက အကုန်ကျခံပြီး ပို့ပေးနေတယ်။”လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်းဝင်းက ပြောပါတယ်။ ခန္တီးဒေသက ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိပြီး သွားလာရေးမှာ ခက်ခဲတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်ရောဂါစစ်ဆေးတဲ့စက်ကို ချပေးသင့်တယ်လို့လည်း သူက ပြောပါတယ်။ ဒါနဲ့ပက်သက်လို့ သူ့အနေနဲ့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာြမင့်ထွေး ဆီကို ဖုန်းဆက်ပြောကြားကာ အကူအညီတောင်းခံသွားမယ်လို့လည်း ဆိုပါတယ်။ “ကျွန်တော်တို့ ခန္တီးဒေသမှာ Positive ဖြစ်ခဲ့ရင်ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ အောက်စီဂျင်ဗူးတွေကလည်း ဘာမှမရှိဘူး။ ဒါနဲ့ပက်သက်လို့ ကျန်မာရေးမာရေးနှင့် အာကာစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဆီကို ဖုန်းဆက်ပြီးတော့ အကူအညီ တောင်းခံသွားမယ်။ ကျနော်တို့ ခန္တီးမြို့မှာ Facility Quarantine ဝင်နေတဲ့သူ ၁၂ ဦးရှိတယ်။ အဲဒီထဲကမှ လူခုနှစ်ဦးလောက်ပဲ ဓာတ်ခွဲနမူနာ ပို့နိုင်သေးတယ်။ ကျန်တဲ့ လူငါးဦးရဲ့ ဓာတ်ခွဲနမူနာကတော့ နောက်မှ ပို့ဆောင်နိုင်မယ်။”လို့လည်း ဦးသိန်းလှိုင်းဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ လတ်တလော ကိုဗစ်ကူးစက်ခံနေရတဲ့ လူပေါင်း ၁၅ ၁၈ ဦးအထိ ရှိနေပြီး ကိုဗစ်ကူးစက်ခံနေရတဲ့ မြို့နယ်တွေမှာ ကလေး၊ မြင်းမူ၊ မြောင်၊ အင်းတော်၊ ကောလင်း၊ အရာတော်၊ တန့်ဆည်၊ ဘုတလင်၊ ဒီပဲယင်း၊ ဟုမ္မလင်း၊ ရွှေဘိုနှင့် ကသာမြို့တွေဖြစ်ကြပြီး မော်လိုက်နှင့် ခင်ဦးကပိုးတွေ့လူနာနှစ်ဦးကတော့ ရန်ကုန်မှာ Quarantine ၀င်နေရင်း ကိုဗစ်တွေ့ရှိခဲ့တာလို့လည်း ကျန်မာရေးမာရေးနှင့် အာကာစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ခန္တီးမာန်

error: Content is protected !!