Home > သတင်း > ကျန်းမာရေး > တကျော့ပြန်ကိုဗစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ခံရသူ ၁၄ ဉီးထိရှိလာ

တကျော့ပြန်ကိုဗစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ခံရသူ ၁၄ ဉီးထိရှိလာ

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိရသူ ၁၄ ဦး မြို့နယ်အနေနဲ့ ၁၁ မြို့နယ်ထိ ရှိလာနေပြီဖြစ်ပါတယ်။  အခုလို ကူးစက်ခံနေရတဲ့သူတွေထဲမှာ ပြည်ပကူးစက်မှုအနေနဲ့ တရုတ်နိုင်ငံကနေ နေရပ်ပြန်လည်ရောက်ရှိလာသူ တစ်ယောက်သာရှိခဲ့ပြီး ကျန်တာတွေက ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ခံနေရသူတွေက သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာ သီးသန့် စောင့်ကြည့် ဆေးကုသမှုတွေ ခံယူနေကြတာြဖစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပထမဉီးဆုံး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ မြို့နယ်ကတော့ ကလေးမြို့ဖြစ်ပါတယ်။ အဲဒီ ကလေးမြို့နယ်မှာဆိုရင် ဗစ်ကူးစက်ခံနေရသူ လေးဉီးရှိနေပြီး မြင်းမူမြို့နယ်၊ ကောလင်းမြို့နယ်၊ အင်းတော်မြို့နယ်၊ မော်လိုက်မြို့နယ်၊ မြောင်မြိုု့နယ်၊ တန့်ဆည်မြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့မှာ ကိုဗစ်ကူးစက်ခံနေရသူ တစ်ဉီးစီရှိကာ စုစုပေါင်း လူဉီးရေ ၁၄ ဉီးအထိရှိ လာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းတုန်းကလည်း စစ်ကိုင်းတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ အနေနဲ့ ကလေးမြို့မှာ ၆ ဦးနှင့် စစ်ကိုင်းမြို့မှာ အိန္ဒိယပြန် ၃ ဦး စုစုပေါင်း ၉ ဦးထိ တွေ့ရှိခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်ကူးစက်ခံနေရတဲ့သူတွေ တိုးလာနေတဲ့အတွက် ခရီးသည်တင် ယာဉ်လိုင်းတွေ၊ ရေယာဉ်လိုင်းတွေကို ပြေးဆွဲခွင့် ရပ်နားထားပြီး ကုန်တင်ရေယာဉ်၊ ကုန်တင်ကားတွေကိုသာ သတ်မှတ်ချက်တွေနဲ့ ပြေးဆွဲခွင့် ပြုနေတာပါ။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၁၆ ရက်နေ့ရက်စွဲနဲ့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်တွေကိုလည်း အရင်ကလို ဆိုင်ထိုင်ပြီး စားသုံးခွင့်မပေးတော့ပဲ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ ညွှန်ကြားစာထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၈ နာရီအချိန်ထိ နောက်ဆုံးထုတ်ပြန်ထားတဲ့ သတင်းအရ လူနာသစ် ၃၉၃ ဦးတိုးလာကာ စုစုပေါင်း ၅၂၆၃ ဦးရှိပြီဖြစ်ပြီး ဆေးရုံက ဆေးခွင့်ရသူ ၁၁၈၈ ဦးရှိကာ သေဆုံးသူကလည်း ၈၁ ဦးထိ ရှိပြီဖြစ်ပါတယ်။

error: Content is protected !!