Home > သတင်း > ကျန်းမာရေး > အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦး တမူးမြို့ကိုရောက်ရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦး တမူးမြို့ကိုရောက်ရှိ

အိန္ဒိယနိုင်ငံကနေ နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို တမူးမြို့၊ အမှတ် ၁ နယ်စပ်ဂိတ်ကတစ်ဆင့် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက တမူးမြို့ကို ဝင်ရောက်လာတယ်လို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ တမူးမြို့မှာ နေရပ်ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို တမူးခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေ၊ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ကိုယ်အပူချိန်တိုင်းတာ၊ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပြီး လက်ခံခဲ့တာပါ။

“အိန္ဒိယကနေ ပြန်လာတဲ့သူတွေက တရားဝင် ဗီဇာနဲ့ သွားတဲ့သူတွေလဲ ပါတယ်။ ကျမ်းစာကျောင်း တက်တဲ့သူတွေလဲ ပါတယ်။ သူတို့ကို Quarantine ထားမယ်။ Swab နမူနာယူပြီး စစ်ဆေးမယ်။ အားလုံးက Negative ထွက်ရင်တော့ သတ်မှတ်ရက်ပြည့်ရင် နေရပ်ပြန်လွှတ်မယ်။ သူတို့နေရပ်မှာ တစ်ပတ် Quarantine ဝင်ရမယ်။”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းကပြောပါတယ်။

နေရပ်ပြန် ၁၇ ဦးစလုံးကိုတော့ တမူးမြို့ (BRTF) Quarantine Centre မှာ ၁၄ ရက် ကန့်သတ်ထားရှိကာ ကိုဗစ်ပိုးရှိမရှိ စစဆေး စောင့်ကြည့်သွားမှာပါ။ နေရပ်ပြန် ၁၇ ဦးမှာ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၇ ဦးရှိကာ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့က ဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ ကိုဗစ် ဒုတိယအကျော့အတွင်း ပိုးတွေ့လူနာ ၁၄ ဦးရှိပြီဖြစ်ကာ တစ်ဦးက တရုတ်နိုင်ငံက ပြန်လာသူဖြစ်ပြီး ကျန် ၁၃ ဦးက ပြည်တွင်းကူးစက်မှုတွေဖြစ်ပါတယ်။ ပိုးတွေ့လူနာ များလာတဲ့ စစ်ကိုင်းတိုင်းမှာ နယ်ကျော်ခရီးသွားလာခွင့်၊ ဆိုင်ထိုင်စားသောက်ခွင့် စတာတွေကိုလည်း အစိုးရက ကန့်သတ် ပိတ်ပင်ထားပါတယ်။

သူရိယထက်

error: Content is protected !!