Home > သတင်း > ဒေသတွင်းသတင်း > ဟားခါးမြို့နယ်တွင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

ဟားခါးမြို့နယ်တွင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

ဓာတ်ပုံ-Ngun Cer Par

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉နာရီအချိန်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဟားခါးမြို့နယ် မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန်မောင်က ပြောပါတယ်။ ဖယောင်းတိုင်မီးကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားတစ်ဦး မီးလောင် သေဆုံးခဲ့တာပါ။

“အိမ်ရှင်ကတော့ အိမ်ရှင် ဦးလျန်ဟရမ်ပါ။ အိမ်ဌား ဦးဟွပ်သူးပါ။ အိမ်ဌားနေထိုင်သူက မနေ့က ညမှာ ဖယောင်းတိုင်မီးထွန်းထားတာ။ သူက အိပ်ပျော်သွားတာ။ ဖယောင်းတိုင်မီးအနီးရှိတဲ့ စောင်တွေမီးတွေကူးစက်ပြီး စတင်လောင်တာပါ။ အိမ်ဌား ဦးဟွပ်သူး ကတော့ မီးလောင်ထဲပါသွားပြီး သေဆုံးခဲ့တာပါ။ သေဆုံးသူအလောင်းကိုတော့ ဟားခါးမြို့ပြည်သူ့ဆေးရုံကို ပို့ပေးထားတယ်။”လို့ မြို့နယ်မီးသတ်ဦးစီးမှုး ဉီးသျှန်နွန်မောင်က ပြောပါတယ်။

မီးလောင်မှုကြောင့် ဟားခါးမြို့နယ် မီးသတ်စခန်းမှ ဉီးသျှန်နွန်မောင်ဦးဆာင်ပြီး မီးငြိမ်းသတ်ယာဉ် ၂ စီး၊ရေသယ်ယာဉ် ၁ စီး စုစုပေါင်း ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ ပြည်သူလူထုတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၀ နာရီအချိန်က မီးလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်မှုကြောင့် ၁၆ × ၁၂ ပေသွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၉၆၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ မီးပေါ့ဆသူ အိမ်ငှား ဦးဟွပ်သူး (အသက် ၄၃နှစ်)ကိုတော့ ဟားခါးမြို့မရဲစခန်းမှာ (ပ)၁၂၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၂၈၅ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

သူရိယထက်

error: Content is protected !!