Home > သတင်း > ဒေသတွင်းသတင်း > မုံရွာကာကြီးကွင်းအနီး ခရီးသည်တင် မှန်လုံကားတစ်စီး မီးလောင်မှုဖြစ်ပွား

မုံရွာကာကြီးကွင်းအနီး ခရီးသည်တင် မှန်လုံကားတစ်စီး မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အ၀င် နတ်လူထိပ္ပန်ရပ်ကွက်၊ ကားကြီးကွင်းအနီးမှာ စက်တင်ဘာလ (၉) ရက်နေ့ ည (၈) နာရီ၀န်းကျင်က အောင်ကမ္ဘာယာဉ်လိုင်းမှ ခရီးသည်တင် မှန်လုံကားတစ်စီး

မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ကားဟာ မုံရွာမြို့နှင့် မကွေးမြို့ကို ပြေးဆွဲနေတဲ့ အောင်ကမ္ဘာခရီးသည်တင် မှန်လုံကား ဖြစ်ပါတယ်။ ကားအင်ဂျင်ပိုင်းအတွင်းမှာ လျှပ်စစ်ဝါယာရှောခ့်ဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောပါတယ်။

“ကားအင်ဂျင်ပိုင်းမှာ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး လောင်တာပါ။ ကားထိုင်ခုံတွေ အကုန် လောင်သွားပါတယ်။ ထိခိုက်ဒါဏ်ရာရတဲ့လူတော့ မရှိပါဘူး။”လို့ မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော် ကပြောပါတယ်။

အဲဒီမီးလောင်မှုကြောင့် ကားထိုင်ခုံ၊ဝါယာရိန်း၊၄၀ယ-၄၄၆၀၅ Starsky Click ဆိုင်ကယ်တစ်စီး၊၇၀ယ-၈၁၁၉၈ Haojue 110ဆိုင်ကယ် တစ်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၉၅၀၀၀၀ ကျပ်ရှိကာ ထိခိုက်ဒဏ်ရသူမရှိဘူးလို့လည်း သိရပါတယ်။ မီးလောင်မှုဖြစ်ခဲ့တဲ့ မှန်လုံကားကို မုံရွာခရိုင်နဲ့ မြို့နယ်

မီးသတ်တပ်ဖွဲ့၀င်တွေ၊ အရံမီးသတ်တပ်ဖွဲ့၀င်တွေနဲ့ ရပ်ကွက်နေပြည်သူတွေက နာရီဝက်ခန့်အကြာ ငြှိမ်းသတ်ခဲ့ကြရတာပါ။ မီးလောင်မှုနဲ့ပတ်သက်လို့ မီးပေါ့ဆသူ ဦးဝင်းအောင် (အသက် ၅၂ နှစ်)ကိုတော့ မုံရွာမြို့မရဲစခန်းက ပုဒ်မ ၂၈၅ နဲ့ အရေးယူထားပါတယ်။

 ညွန့်ကြီး၊ သူရိယထက်

error: Content is protected !!