Home > သတင်း > နိုင်ငံရေး > စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့တွင် NLD ပါတီအောင်နိုင်ရေးအလံ လွှင့်ထူ

စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့တွင် NLD ပါတီအောင်နိုင်ရေးအလံ လွှင့်ထူ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ စက်တင်ဘာ (၈) ရက် မနက်ပိုင်းက ရွှေဘိုမြို့အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ NLD ပါတီ အောင်နိုင်ရေးအလံ လွှင့်ထူခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီ၀င်၊ စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရွှေဘိုအမှတ် (၂) မဲဆန္ဒနယ်ကနေ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပါတီအောင်နိုင်ရေး အလံလွှင့်ထူပွဲအခမ်းအနားကို NLD ပါတီကလွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာအေဇင်လတ်၊ ရွှေဘိုအမှတ် (၁) က တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်း လက်ရှိတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လဝက၊ လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးမိုးကျော်သူနဲ့ မြို့နယ် အောင်နိုင်ရေးအဖွဲ့၀င်တွေ တက်ရောက်ခဲ့ကြပါတယ်။ NLD ပါတီဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်နိုင်ရေး ပါတီအလံတွေကို လွှင့်ထူကြတာလည်း ဖြစ်ပါတယ်။

error: Content is protected !!