Home > သတင်း > ကျန်းမာရေး > COVID-19 နဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာမှု လျော့ကျလာပါက ကံဆိုးခြင်းတွေ ရောက်လာမှာဖြစ်တယ်လို့ တိုင်း လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးပြောကြား

COVID-19 နဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာမှု လျော့ကျလာပါက ကံဆိုးခြင်းတွေ ရောက်လာမှာဖြစ်တယ်လို့ တိုင်း လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးပြောကြား

COVID-19 နဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာမှု လျော့ကျလာပါက ကံဆိုးခြင်းတွေ ရောက်လာမှာဖြစ်တယ်လို့ တိုင်း လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးပြောကြား

မျက်မှောက်ခေတ်

မုံရွာ၊ စက်တင်ဘာ-၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်း ထုတ်ပြန်ချက်တွေကို လိုက်နာမှုလျော့ကျလာပါက ကံဆိုးခြင်းတွေ ရောက်လာမှာဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့လူ့စွမ်းအားအရင်းမြစ်၀န်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ကပ်ရောဂါအတည်ပြုလူနာ မရှိသေးတာဟာ ဒေသခံပြည်သူတွေက  ရောဂါနဲ့ ပတ်သက်တဲ့ စည်းကမ်း၊ လမ်းညွှန်ချက်တွေအပေါ် လိုက်နာမှု ရှိနေသေးတာကြောင့်ဖြစ်တယ်လို့ ၀န်ကြီးက ပြောပါတယ်။

“ကျွန်တော်အနေနဲ့ တိုင်းအတွင်းမှာ ရောဂါအတည်ပြုလူနာမရှိသေးတာကို ကံကောင်းလို့ဆိုပြီး ကံကို ပုံမချချင်ပါဘူး။ တကယ်က တိုင်းအတွင်းက ပြည်သူတွေရဲ့ COVIDနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာမှု အားကောင်းလို့ဘဲ ပြောချင်ပါတယ်။ တကယ်လို့ ပြည်သူတွေက ဒီရောနဲ့ပတ်သက်တဲ့ စည်ကမ်းတွေကို လိုက်နာမှု မရှိတော့ဘူးဆိုရင်တော့ ကံဆိုးတာတွေ နောက်ကလိုက်လာပါလိမ့်မယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းက COVID-19 အတည်ပြု လူနာ (၉) ဦးရှိခဲ့ပေမယ့် လူနာအားလုံး ရောဂါပိုးကင်းစင်သွားပြီ ဖြစ်တာကြောင့် သက်ဆိုင်ရာဆေးရုံတွေကနေ ဆင်းခွင့်ရခဲ့ကြပြီဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ COVID-19 ကပ်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တိုင်းအစိုးရအဖွဲ့နဲ့  ဌာနဆိုင်ရာတာ၀န်ရှိသူတွေက ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်း လမ်း ညွှန်ချက်တွေကို ကြပ်မတ် လုပ်ဆောင်နေပြီး ပြည်သူတွေအနေနဲ့ ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုလျော့ကျလာရင် ထောင်ဒဏ် (၁) နှစ်အထိ ချမှတ်နိုင်တဲ့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူတာတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

error: Content is protected !!