စစ်ကိုင်းတိုင်းဒေသကြီးမှာ ငါးနှစ်တာကာလအတွင်း တရားမဝင်ရွှေသတ္တုနှင့်ခဲသတ္တုတူးဖော်မှုများကြောင့် အမှုပေါင်း ၃၀၀ကျော်ရှိခဲ့ပြီး တရားခံ ၅၀၀ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
အခုလို စစ်ကိုင်းတိုင်းဒေသကြီးမှာ ငါးနှစ်တာကာလအတွင်း တရားမဝင်ရွှေသတ္တုနှင့်ခဲသတ္တုတူးဖော်မှုများကြောင့် အမှုပေါင်း ၃၀၀ကျော်နဲ့ တရားခံ ၅၀၀ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းမှာ အမျိုးသားဒီမိုရေစိအဖွဲ့ချုပ်လက်ထက်က ဖြစ်ပြီး သစ်တောများ မဖြန်းတီးအောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်လို့ သူက ဆက်လက် ပြောပါတယ်။
သစ်တောတွေ မဖြန်းတီးအောင် အမျိုူးသားရေးတာဝန်တစ်ရပ်အနေနဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှာက ကျနော်တို့တာဝန်ဖြစ်ပါတယ်။သတ္တုတူးဖော်ရေးလုပ်ငန်းမှာ အသေးစားနဲ့လက်လုပ်လက်စားလုပ်ကွက်များကို ဒေသခံပြည်သူတွေ လူမှု့ဘဝဖွံံဖြိုးတိုးတက်ရေးအတွက် ချပေးခဲ့ပါတယ်။ဒီလိုချထားပေးခဲ့အတွက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ၈၁ဒသမ၉ဘီလီယံကျော်ရရှိခဲ့ပါတယ်။တရားမဝင်သတ္တုတူးဖော်မှုကျလာပြီး အရေးခဲ့အပိုင်းကို ပြောရရင် အမှုပေါင်း ၃၁၂မှုနဲ့ တရားခံပေါင်း ၅၁၅ဦးကို အရေးယူနိုင်ခဲ့ပါတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
၂၀၁၆ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှာ တရားမဝင်ရွှေသတ္တုတူးဖော်မှုကြောင့် အမှုပေါင်း ၅၄မှုနဲ့တရားခံပေါင်း ၇၃ဦးအထိရှိခဲ့ပြီး ၂၀၁၇ခုနှစ်တွင် တရားမဝင်ရွှေသတ္တုတူးဖော်မှုကြောင့် အမှုပေါင်း ၇၆မှုနဲ့ တရားခံပေါင်း ၁၂၆ဦးအထိ အရေးယူခဲ့တာဖြစ်ပါတယ်။
၂၀၁၈ခုနှစ်တွင် တရားမဝင်ရွှေသတ္တုတူးဖော်မှုကြောင့် အမှုပေါင်း ၅၄မှုနဲ့ တရားခံပေါင်း ၇၃ဦးအထိရှိခဲ့သလို တရားမဝင်ခဲသတ္တုတူးဖော်မှုကြောင့် အမှု၁မှုနဲ့ တရားခံ ၂ဦးအထိရှိခဲ့ပြီး ၂၀၁၉ခုနှစ်မှာ တရားမဝင်ရွှေသတ္တုတူးဖော်မှုကြောင့် အမှုပေါင်း ၉၈မှုနဲ့ တရားခံပေါင်း ၁၉၀ဦးနဲ့ တရားမဝင်ခဲသတ္တုတူးဖော်မှုကြောင့် အမှု၁မှုနဲ့ တရားခံပေါင်း ၃ဦးကို အရေးယူခဲ့တာဖြစ်ပါတယ်။
၂၀၂၀ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့အထိ တရားမဝင်ရွှေသတ္တုတူးဖော်မှုကြောင့် အမှုပေါင်း ၂၈မှုနဲ့ တရားခံပေါင်း ၄၈ဦးကို အရေးယူနိုင်ခဲ့ပြီး စုစုပေါင်း တရားမဝင်ရွှေသတ္တုနှင့်ခဲသတ္တုတူးဖော်မှုများကြောင့် အမှုပေါင်း ၃၁၂နဲ့ တရားခံ ၅၁၅ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။