Home > သတင်း > ပညာရေး > စစ်ကိုင်းတိုင်းတွင် ဂုဏ်ထူးရကျောင်းသား ၄ ထောင်နီးပါး အရင်နှစ်ကထက်တိုးလာ။

စစ်ကိုင်းတိုင်းတွင် ဂုဏ်ထူးရကျောင်းသား ၄ ထောင်နီးပါး အရင်နှစ်ကထက်တိုးလာ။

၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ကျောင်းသားတွေထဲက ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၃၉၂၄ ဦး အရင်နှစ်ကထက် တိုးတက်လာတယ်လို့ တိုင်းပညာရေးမှုးရုံးက သိရပါတယ်။ အောင်ချက်ရာခိုင်နှုန်းကလည်း တိုးလာခဲ့ပြီး ဖြေဆိုသူအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကျော်ရှိကာ မြန်မာတစ်နိုင်ငံလုံးမှာ အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံးတိုင်းဖြစ်ခဲ့ပါတယ်။
“ပြီးခဲ့တဲ့ နှစ်က အောင်ချက်ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်တဲ့အခါမှာ အောင်ချက်ရာခိုင်နှုန်း တိုးလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်ချက်ရာခိုင်နှုန်းက ၃၄.၁၅% ရရှိခဲ့ပါတယ်။ ယခုနှစ် ရရှိတဲ့ အောင်ချက်ရာခိုင်နှုန်းက ၃၅.၁၇% ရရှိခဲ့ပါတယ်။ အောင်ချက်ရာခိုင်နှုန်းတိုးလာပြီးတော့ နိုင်ငံတော်အဆင့်မှာလည်း ဒုတိယရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂုဏ်ထူးရရှိတဲ့ဦးရေကတော့ စုစုပေါင်း ၆၅၁၇ ဦး ယခင်နှစ်က ရရှိခဲ့ပါတယ်။ ယခုနှစ်မှာ စုစုပေါင်း ဂုဏ်ထူးရရှိတဲ့ ဦးရေက ၁၀၄၄၁ ဦးရရှိခဲ့ပါတယ်။ ယခင်နှစ်ကရရှိခဲ့တဲ့ ဦးရေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ယခုနှစ်မှာ ၃၉၂၄ ဦး ပိုမိုပြီးတော့ ရရှိလာတာကို တွေ့ရှိရပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှုးရုံးမှာ ညွှန်ကြားရေးမှုး (ပညာ) ဒေါ်ကြည်ကြည်မာက ပြောပါတယ်။
ဂုဏ်ထူးရကျောင်းသားတွေ တိုးလာခဲ့သလို တစ်နိုင်ငံလုံး အဆင့် ၁၀ အတွင်းမှာလည်း ဝိဇ္ဇာဘာသာတွဲကနေ ၂ ဦး ပေါ်ထွက်ခဲ့ပြီး တခြားဘာသာတွဲတွေကတော့ အဆင့် ၁၀ အတွင်း မရရှိခဲ့ပါဘူး။ ဒါ့အပြင် တဖက်မှာလည်း အောင်ချက် သုညသာရရှိတဲ့ ကျောင်းအရေအတွက်ကလည်း မနှစ်ကထက် တိုးလာခဲ့ပြီး ၃၅ ကျောင်းထိ ရှိလာတယ်လို့ သိရပါတယ်။ အောက်ချက် ၁၅ ရာခိုင်နှုန်းအောက် လျော့နည်းတဲ့ ကျောင်းတွေကိုတော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ ဘာသာရပ်ပြ ဆရာ၊ ဆရာမတွေကို ခေါ်ယူတွေ့ဆုံကာ တက္ကသိုလ်က ဘာသာရပ်အလိုက် ပါမောက္ခတွေနဲ့ ပူးပေါင်းပြီး လိုအပ်တာတွေ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဂုဏ်ထူးရသူ #တက္ကသိုလ်ဝင်တန်း #ပညာရေး #စစ်ကိုင်းတိုင်း #မျက်မှောက်ခေတ်

စစ္ကိုင္းတိုင္းတြင္ ဂုဏ္ထူးရေက်ာင္းသား ၄ ေထာင္နီးပါး အရင္ႏွစ္ကထက္တိုးလာ။

စစ္ကိုင္းတိုင္းတြင္ ဂုဏ္ထူးရေက်ာင္းသား ၄ ေထာင္နီးပါး အရင္ႏွစ္ကထက္တိုးလာ။မ်က္ေမွာက္ေခတ္မံုရြာ၊ ၾသဂုတ္ ၁၁၂၀၂၀ ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပဲြမွာ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ေျဖဆိုသူ ေက်ာင္းသားေတြထဲက ဂုဏ္ထူးရ ေက်ာင္းသားေက်ာင္းသူ ၃၉၂၄ ဦး အရင္ႏွစ္ကထက္ တိုးတက္လာတယ္လို႔ တိုင္းပညာေရးမႈးရံုးက သိရပါတယ္။ ေအာင္ခ်က္ရာခိုင္ႏႈန္းကလည္း တိုးလာခဲ့ၿပီး ေျဖဆိုသူအားလံုးရဲ႕ ၃၅ ရာခိုင္ႏႈန္းေက်ာ္ရွိကာ ျမန္မာတစ္ႏိုင္ငံလံုးမွာ ေအာင္ခ်က္ရာခိုင္ႏႈန္း ဒုတိယအမ်ားဆံုးတိုင္းျဖစ္ခဲ့ပါတယ္။ “ၿပီးခဲ့တဲ့ ႏွစ္က ေအာင္ခ်က္ရာခိုင္ႏႈန္းနဲ႔ ႏိႈင္းယွဥ္တဲ့အခါမွာ ေအာင္ခ်က္ရာခိုင္ႏႈန္း တိုးလာပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္၊ မတ္လမွာ က်င္းပခဲ့တဲ့ တကၠသိုလ္ဝင္စာေမးပဲြမွာ ေအာင္ခ်က္ရာခိုင္ႏႈန္းက ၃၄.၁၅% ရရွိခဲ့ပါတယ္။ ယခုႏွစ္ ရရွိတဲ့ ေအာင္ခ်က္ရာခိုင္ႏႈန္းက ၃၅.၁၇% ရရွိခဲ့ပါတယ္။ ေအာင္ခ်က္ရာခိုင္ႏႈန္းတိုးလာၿပီးေတာ့ ႏိုင္ငံေတာ္အဆင့္မွာလည္း ဒုတိယရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဂုဏ္ထူးရရွိတဲ့ဦးေရကေတာ့ စုစုေပါင္း ၆၅၁၇ ဦး ယခင္ႏွစ္က ရရွိခဲ့ပါတယ္။ ယခုႏွစ္မွာ စုုုစုေပါင္း ဂုဏ္ထူးရရွိတဲ့ ဦးေရက ၁၀၄၄၁ ဦးရရွိခဲ့ပါတယ္။ ယခင္ႏွစ္ကရရွိခဲ့တဲ့ ဦးေရနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ ယခုႏွစ္မွာ ၃၉၂၄ ဦး ပိုမိုၿပီးေတာ့ ရရွိလာတာကို ေတြ႕ရွိရပါတယ္။”လို႔ စစ္ကိုင္းတိုင္းေဒသႀကီး ပညာေရးမႈးရံုးမွာ ၫႊန္ၾကားေရးမႈး (ပညာ) ေဒၚၾကည္ၾကည္မာက ေျပာပါတယ္။ ဂုဏ္ထူးရေက်ာင္းသားေတြ တိုးလာခဲ့သလို တစ္ႏိုင္ငံလံုး အဆင့္ ၁၀ အတြင္းမွာလည္း ဝိဇၨာဘာသာတဲြကေန ၂ ဦး ေပၚထြက္ခဲ့ၿပီး တျခားဘာသာတဲြေတြကေတာ့ အဆင့္ ၁၀ အတြင္း မရရွိခဲ့ပါဘူး။ ဒါ့အျပင္ တဖက္မွာလည္း ေအာင္ခ်က္ သုညသာရရွိတဲ့ ေက်ာင္းအေရအတြက္ကလည္း မႏွစ္ကထက္ တိုးလာခဲ့ၿပီး ၃၅ ေက်ာင္းထိ ရွိလာတယ္လို႔ သိရပါတယ္။ ေအာက္ခ်က္ ၁၅ ရာခိုင္ႏႈန္းေအာက္ ေလ်ာ့နည္းတဲ့ ေက်ာင္းေတြကိုေတာ့ သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးေတြ၊ ဘာသာရပ္ျပ ဆရာ၊ ဆရာမေတြကို ေခၚယူေတြ႕ဆံုကာ တကၠသိုလ္က ဘာသာရပ္အလိုက္ ပါေမာကၡေတြနဲ႔ ပူးေပါင္းၿပီး လိုအပ္တာေတြ ၫွိႏိႈ္င္းေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။#ဂုဏ္ထူးရသူ #တကၠသိုလ္ဝင္တန္း #ပညာေရး #စစ္ကိုင္းတိုင္း #မ်က္ေမွာက္ေခတ္

โพสต์โดย မျက်မှောက်ခေတ် เมื่อ วันอังคารที่ 11 สิงหาคม 2020
error: Content is protected !!