Home > သတင်း > စစ်ရေး > ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ၊ နှစ်ဖက်ထိခိုက်မှုတွေရှိ

ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ၊ နှစ်ဖက်ထိခိုက်မှုတွေရှိ

ဗန်းမောက်မြို့ကို သိမ်းပိုက်ခဲ့ကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ထိစပ်နေတဲ့ ဗန်းမောက်မြို့နယ်မှာ စက်တင်ဘာလ တတိယအပတ်ကစလို့ SNA ပါဝင်တဲ့ စစ်ကော်မရှင်တပ်တွေ နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်မြို့နယ် ရွှေကျောင်းနှင့် ပင်ဟင်းခါးကျေးရွာကို SNA ပါဝင်တဲ့ စစ်ကော်မရှင်တပ်တို့က အခိုင်အမာတပ်စွဲထားပြီး၊ အဲဒီနေရာတွေကို သိမ်းပိုက်ရရှိဖို့အတွက် KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ပြောပါတယ်။

“တိုက်ပွဲတွေပြင်းထန်နေတာကြာပြီ။ မနေ့ညကတော့ တညလုံး အသံတွေက ဆူညံနေတာပဲ။ နေ့တိုင်း၊ ညတိုင်း ချနေကြတာ။ နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့ကြားတယ်။” လို့ ဗန်းမောက်မြို့ခံတစ်းကဦး ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေကြတဲ့အတွက် ကျေးရွာပေါင်းဆယ်ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်​နေကြရတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်​နေ့မှာ KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်ဗန်းမောက်မြို့နယ်ရဲ့ နေရာအတော်များများကို SNA ပါဝင်တဲ့ စစ်ကော်မရှင်တပ်တွေက ထိန်းချုပ်ရယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်က စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိပြီး ရွှေ၊ သစ် စတဲ့ သယံဇာတတွေ ထွက်ရှိရာ ဒေသလည်းဖြစ်ပါတယ်။ ဗန်းမောက်မြို့နယ်မှာတော့ ဗမာအပြင် ရှမ်းနီ၊ ကတူး၊ ကနန်း စတဲ့ တိုင်းရင်းသားတွေ အဓိက နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

error: Content is protected !!