Home > ဓာတ်ပုံ > NLD ပါတီ ၃၂ နှစ် မြောက် အထိမ်းအမှတ်အဖြစ် မုံရွာတွင် Mask တစ်သောင်းဝေငှ

NLD ပါတီ ၃၂ နှစ် မြောက် အထိမ်းအမှတ်အဖြစ် မုံရွာတွင် Mask တစ်သောင်းဝေငှ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ၃၂ နှစ် မြောက် ပါတီတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက လမ်းပေါ်သွားလာနေသူတွေကို Mask တစ်သောင်း အခမဲ့ ပေးဝေခဲ့ပါတယ်။ Mask တွေဝေငှတာကို မုံရွာမြို့၊ မြို့တော်ခန်းမရှေ့နေရာ၊ ချင်းတွင်းရတနာစျေးအနီးနေရာနှင့် မုံရွာမြို့နယ် NLD ရုံးရှေ့တို့မှာ မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင် ပြုလုပ်ခဲ့ကြတာပါ။

error: Content is protected !!